News

13-Jan-2018
သူတို့၏ ကြိုးစားမှုကြောင့်ဆိုရမည် ဗြိတိန်နိုင်ငံ၏ ဩဇာအရှိဆုံး လုပ်ငန်းစတင်သူ ၂၀ စာရင်းတွင် အသိအမှတ်ပြုခြင်းကို စတင်ရရှိခဲ့သည်။ ဘင်နှင့်ဂျွန်နီတို့သည် ယခုအခါ သူတို့လုပ်ငန်းကို စတာလင်ပေါင် ၁ သိန်း ရင်းနှီးမြှုပ်နှံနိုင်ခဲ့ပြီဖြစ်သည်။ သူတို့က အွန်လိုင်းပေါ်တွင် ဈေးဝယ်လိုသူများကို အထောက်အကူပြုပေးနေသောကြောင့် လူတွေက စိတ်ဝင်စားခဲ့ကြသည်။
13-Jan-2018
သူ့အမည်က အယ်လ်ဖီဒီးရက်စ် (Alfie Deyes) ဖြစ်သည်။ YouTube ပေါ်တွင် ဗီဒီယိုများတင်နေသည့် blogger (vlogger) တစ်ဦးအဖြစ် ခံယူထားသည်။ သူက အွန်လိုင်းပေါ်တွင် PointlessBlog ဆိုသည့် ကုမ္ပဏီတစ်ခုကို ထူထောင်ထားပြီး သူ့နယ်ပယ်ကို အစွန်းကုန်ချဲ့ထွင် တည်ဆောက်နေသူ တစ်ဦးလည်းဖြစ်သည်။
13-Jan-2018
အလုပ်တိုင်းကို လုပ်သင့်မလုပ်သင့် တွေးဆနိုင်စွမ်း ရှိရမည်။ အတွေးနောက်တွင် အလုပ်ကို တကယ်လုပ်မည့် စိတ်ပါရမည်ကို ဆိုလိုသည်။ တွေးပြီးရင်းတွေး၊ မဆုံးဖြတ်နိုင်သေးသောကြောင့် မလုပ်ဖြစ်သေးဟုဆိုကာ အချိန်ကြာမြင့်စွာထိုင်ကာ အချိန်မဖြုန်းသင့်ပါ။ အချို့အလုပ်များမှာ အခွင့်အရေးကို နှစ်ကြိမ်မရနိုင်သောကြောင့် ဖြစ်သည်။
05-Jan-2018
အကောင်းမြင်စိတ်ဆိုသည်မှာ အဘယ်နည်း။ မကောင်းလျှင် ကောင်းအောင်လုပ်၊ ကောင်းလျှင် ပိုကောင်းအောင် ကြိုးစားမည်၊ ရလဒ်ကောင်း ထွက်စေရမည်ဆိုသည့် စိတ်ထားဖြင့် အကောင်းအတိုင်း ရည်ရွယ်လုပ်ဆောင်တတ်ရန် အရေးကြီးပါသည်။
05-Jan-2018
ကလေးဆိုတာ အားပေးဖို့လိုတယ်။ လေးဖက်သွားတဲ့အရွယ်၊ မတ်တတ်ရပ်တဲ့အရွယ် ဘောလုံးပဲပစ်ပစ်၊ မြေပေါ်မှာ စက်ဝိုင်းလေးတစ်ဝိုင်းပဲ ရေးရေး “တော်လိုက်တာ”ဆိုတဲ့ စကားလေးဟာ သူတို့အတွက် အားဆေးလေးပဲ။ သူတို့ကို အားပေးကြည့်လိုက် မဖြစ်နိုင်ဘူး၊ မလုပ်နိုင်တော့ဘူးလို့ ထင်တာတွေဟာ အလိုလို ပြီးသွားတာ တွေ့ရလိမ့်မယ်။
30-Dec-2017
လူတိုင်း လုပ်ငန်းတစ်ခုကို လုပ်ကိုင်လာရင်းနှင့် ငြီးငွေ့စိတ်များ ဝင်လာတတ်သည်မှာ သဘာဝသာ ဖြစ်သည်။ ငြီးငွေ့စိတ်ဝင်လာခြင်းကို “နွေဦးဝေဒနာ” (Spring Fever) ဟုလည်း ခေါ်ကြသည်။ စိတ်ပညာ သဘောတရားအရဆိုလျှင် လက်ရှိ လုပ်ကိုင်နေကြရသည့် လုပ်ငန်းပရောဂျက်များကို ဆက်လက်လုပ်ဆောင်လိုစိတ် မရှိအောင် စိတ်ဓာတ်ကျခြင်းလည်း ဖြစ်သည်
17-Dec-2017
“ခေါင်းဆောင်တစ်ဦး၏ အဓိက ကျဆုံးရခြင်း အကြောင်းတရားမှာ မသိသည့် နယ်ပယ်ကို အားကုန်ထုတ်ပြီး မောင်းဝင်တတ်ခြင်း ဖြစ်သည်။ ထိုနယ်ပယ်သို့ ဝင်လိုက်လျှင် ဘာဖြစ်မည်ကို ကောင်းစွာ နားမလည်ဘဲ ရမ်းပြီးဝင်လိုက်ခြင်းမှာ ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်”
09-Dec-2017
တရုတ်လူငယ်များသည် ဗီဒီယိုဂိမ်းကစားမှုကို အလွန် ဝါသနာကြီးကြသည်။ သို့သော် Sichuan Film and Television University မှ ကျောင်းသား လူငယ်တွေကတော့ အများနှင့်မတူ ထူးခြားသည်။ သူတို့က ဂိမ်းကစားရန်သက်သက်မဟုတ်၊ ဂိမ်းကစားမှုအတတ်ပညာကို လာရောက် လေ့လာသင်ယူနေကြသည်။
05-Nov-2017
မြန်မာစံတော်ချိန်ဟု ပြောလေ့ရှိသည့် စကားမှာ အလွန် ခံပြင်းစရာ ကောင်းလှသည့်စကား ဖြစ်သည်။ အချိန် မတိကျ၊ မလေးစားဟု အပြောခံရခြင်းနှင့် အတူတူ ဖြစ်နေခြင်းကြောင့် စိတ်ပျက်စရာစကားဟု သတ်မှတ်မိခြင်းဖြစ်ပါသည်။
14-Oct-2017
တီထွင်မှုတွင် လူမျိုး၊ ဘာသာ၊ လိင်၊ အဆင့်အတန်းမခွဲခြား သုံးစွဲနိုင်သည့် အနေအထားမျိုးတွင် ရှိစေရမည်။ အလိုအလျောက် မောင်းသည့်ကား တီထွင်ရာတွင် စီးသူဇိမ်ကျရေးကိုသာမက လမ်းလျှောက်သူများ အခွင့်အရေးကိုလည်း ပရိုဂရမ်က ထည့်သွင်းတွက်ဆပေးနိုင်ရမည်။
07-Oct-2017
အစွန်းရောက် သူပုန်များသည် အရှေ့အလယ်ပိုင်းဒေသများတွင် IS အဖွဲ့ဝင်များ တိုက်ခိုက်စဉ်က အသုံးပြုခဲ့သည့် Facebook နှင့် Telegram တို့ကို အသုံးပြုပြီး ဆက်သွယ်ရေး စနစ်များဖြင့် လှုပ်ရှားကြသည်။ သူတို့က အွန်လိုင်းကတစ်ဆင့် အချင်းချင်း ချိတ်ဆက်ပြီး ကွန်ရက်ကြီးတစ်ခုကို ထူထောင်ထားပြီးသားဖြစ်သည်။ သူတို့ကွန်ရက်ထဲတွင် အင်ဒိုနီးရှား၊ မလေးရှား လူငယ်များနှင့် စစ်သွေးကြွအုပ်စုတွေလည်း ပါဝင်ကြသည်။ သူတို့က ဘာသာရေးနှင့် မှိုင်းတိုက်ထားခြင်း ခံရသောကြောင့် အချိန်မရွေး အသက်ပေးဝံ့သူများလည်း ဖြစ်နေကြသည်။
24-Sep-2017
လူငယ်တွေ သတိမူသည်ဖြစ်စေ၊ သတိမမူသည် ဖြစ်စေ သူတို့ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဂယက်တွေက ရိုက်ခတ်နေမည်သာဖြစ်သည်။ သူတို့ခေတ်သည် ဆိုရှယ်မီဒီယာခေတ်ဖြစ်နေသည်။ ကောင်းခြင်း ဆိုးခြင်း အားလုံးကို နေ့တိုင်း သူတို့ရင်ဆိုင်နေကြရသည်။ ခံစားနေကြရသည်။ တုံ့ပြန်နေကြသည်။ ဘယ်လမ်းကိုလျှောက်ပြီး ဘယ်သူ့နောက် လိုက်ရမှန်းမသိ ဖြစ်နေခြင်းကလည်း သူတို့ပြဿနာတစ်ခုဖြစ်သည်။
17-Sep-2017
Millennials တို့သည် ဆိုရှယ်မီဒီယာဖြစ်သည့် Facebook နှင့်လည်း ရင်းနှီးကျွမ်းဝင်သူများ ဖြစ်လာသည်။ တစ်နည်းပြောရလျှင် သူတို့ရှေ့က အစ်ကိုကြီးမျိုးဆက် Mark Zuckerberg တီထွင်သွားသည့် Facebook တွင် ပျော်မွေ့သူများ ဖြစ်လာသည်။ သူတို့အထာကို Mark Zuckerberg က ကောင်းစွာသိသည်။ သူတို့သည် နည်းပညာကို စွဲမက်ခုံမင်ကြမည်။ အပေါင်းအသင်းခုံမင်မည်။ သို့သော် သူတို့ အိမ်ထဲက အိမ်ပြင်ထွက်ချင်မှ ထွက်မည်။ Millennials တွေအတွက် ကမ္ဘာနှင့် မျက်ခြည်မပြတ်နိုင်စေမည့် နည်းလမ်းကို သူက တီထွင်ကြံဆပေးလိုက်သည်။ Millennials တွေအားလုံး Facebook ဆိုသည့် ဆိုရှယ်မီဒီယာထဲ ရောက်ကုန်သည်။ ယင်းကို Frontline ရုပ်သံအစီအစဉ်က (Generation Like) ဟု တင်စားကာ သုံးစွဲလိုက်သည်။