News

05-Apr-2018
ဟောင်ကောင်တွင် အမြင့်ဆုံးအဆင့် လူငယ်အကြံပေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး မတ်လနောက်ဆုံးပတ်တွင် စတင်၍ နိုင်ငံရေးလောကထဲသို့ တာဝန်ယူရန် ရောက်ရှိလာကြသည်။ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးက အစိုးရအဖွဲ့၏ အကြံပေးအဖြစ် စတင်တာဝန်ထမ်းဆောင်တော့မည်ဖြစ်သည်။
05-Apr-2018
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပပေးတော့မည်ဖြစ်ကြောင်း အာဏာရစစ်ခေါင်းဆောင်များက ထုတ်ပြန်ကြေညာပြီးနောက် ပြည်သူတို့ စိတ်ဝင်စားလာသည့် လူငယ်တစ်ဦးမှာ နိုင်ငံရေးလောကထဲ ဝင်ရောက်လာသည့်အပြင် သူသည် ချမ်းသာသည့် ဘီလျံနာတစ်ဦးလည်းဖြစ်နေကြောင်း တွေ့ကြရသည်။
05-Apr-2018
အမေရိကတွင် လူငယ်များအတွက် ခိုလှုံစရာနေရာရှားပါသည်။ လူငယ်တစ်ဦးက တစ်ခုခုကို အပြစ်ကျူးလွန်ပြီးပြီ၊ အမည်းစက်ထင်သွားပြီဆိုလျှင် မည်သူကမှ လှည့်မကြည့်ချင်လောက်အောင် ဖြစ်သွားကြသည်။ အပြစ် တစ်ခုခု ကျူးလွန်ခဲ့သည့် လူငယ်တစ်ယောက်အတွက် အထက်သို့တက်နိုင်ရန် လှေကားတစ်ထစ် နင်းခွင့်ပေးရပါလိမ့်မည်။ သူတို့ကို အခွင့်အရေးမပေးလျှင် သူတို့အထက်ကို မည်သို့ရောက်လာနိုင်မည်နည်း။ အထူးသဖြင့် အမေရိကတွင် ထောင်ကထွက်လာသည့် လူငယ်တို့ဘဝက ပိုဆိုးသည်။
05-Apr-2018
ဆုံးရှုံးမှုဆိုတာ အောင်မြင်ခြင်းရဲ့ လမ်းမကြီးတစ်ခု ဖြစ်တယ်။ IBM က Tom Watson Sr. က “အောင်မြင်ချင်ရင် နှစ်ဆလောက် ဆုံးရှုံးတာခံရမယ်”လို့ ပြောဖူးတယ်။
05-Apr-2018
ကမ္ဘာ့ လူငယ်လှုပ်ရှားမှုကြီးများသည် ပါ့ခ်လန်းမှသည် အာရပ်နွေဦးတိုင် ထင်ရှားသည့်တော်လှန်ရေး အသွင်ဆောင်သော လှုပ်ရှားမှုကြီးများဖြစ်ခဲ့ပါသည်။ လူငယ်တို့ ဦးဆောင်တော်လှန်မှုက လူ့ဘောင်ကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေလောက်အောင်ပင် ရိုက်ခတ်နိုင်စွမ်းရှိခဲ့သည်။
31-Mar-2018
“ခါ” ၏ မင်္ဂလာနေ့က ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံသည်ဟု ဆိုရမည်။ သို့သော် သတို့သမီး ခါတစ်ယောက် မချင့်မရဲပျော်နေရသည်။ အသက် ၂၇ နှစ်အရွယ် ခါတွင် ကိုယ်ဝန်က သုံးလရှိနေသည်။ ယနေ့ သူနှင့်လက်ထပ်သည့် သတို့သားမှာ အစစ်မဟုတ်။ အတုဖြစ်သည်။ သူနှင့် မင်္ဂလာအဆောင်ပြပြီးနောက် နောက်ပိုင်းတွင် ကွာပေးပြီး၊ ခါက ကလေးကိုမွေးပြီး တစ်ကိုယ်တော်မိခင်ဘဝကို ခံယူလိုက်မည်သာဖြစ်သည်။
17-Mar-2018
အမန်ဒါသည် ဦးခေါင်းကို အကြီးအကျယ် ထိခိုက်ဒဏ်ရာရခဲ့သည်။ ဦးခေါင်း ဒဏ်ရာပျောက်သော်လည်း နာတာရှည်ဝေဒနာခံစားရပြီး မသန်စွမ်းသူဘဝနှင့် နေထိုင်ခဲ့ရရှာသည်။ အလုပ်လည်းမရှိတော့။ အလုပ်မရှိသောကြောင့် အိမ်ခန်းကလည်း ဖယ်ပေးလိုက်ရသည်။ ဆီရက်တဲမြို့ရှိ တံတားတစ်ခုအောက်တွင် ယာယီတဲလေးတစ်လုံးနှင့် သွားနေထိုင်ခဲ့ရသည်။
17-Mar-2018
လစ်ဇ် မာရေးသည် ဘရောင့်မြို့တွင် ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ သူ့မိဘတွေက ဘိန်းဖြူစွဲနေသူတွေ ဖြစ်သည်။ သူ့မိခင်သည် မူးယစ်ဆေးကြောင့် စိတ်မမှန်သည့်အပြင် ညစ်ပတ်သည့်ဆေးထိုးအပ်ကို သုံးစွဲမိသောကြောင့် အေအိုင်ဒီအက်စ်ရောဂါလည်း ဖြစ်နေသည်။ မာရေးတစ်ယောက် မိခင်ကို ပြုစုနေရသောကြောင့် ကျောင်းမကြာခဏပျက်ရသည်။ သူ့ဖခင်ကလည်း သူတို့သားအမိကို စွန့်ခွာသွားပြီး လမ်းဘေးတွင် အိုးမဲ့အိမ်မဲ့သမားတစ်ယောက်အဖြစ် ဘဝကို ဖြစ်သလိုသွားနေထိုင်ခဲ့သည်။
17-Mar-2018
၂၀၁၇ ခုနှစ် အောက်တိုဘာလက ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့ IHOP ဆိုင်အတွင်းသို့ လက်နက်ကိုင်သေနတ်သမားတစ်ယောက် ဝင်လာသည်။ သူက သေနတ်ကို လေထဲနှစ်ချက်ထောင်ဖောက်လိုက်သည်။ သူ့ကိုဖမ်းရန် ကြိုးစားသူအားလုံးကိုလည်း သေနတ်နှင့်ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြန်သည်။ သူက ဆိုင်အတွင်းရှိ ပိုက်ဆံထည့်ထားသည့်အံဆွဲကို သံတူးရွင်းနဲ့ ကလန့်ပြီး ဖွင့်လိုက်သည်။ ထိုအချိန်တွင် သူ့လက်ထဲ၌ သေနတ်မကိုင်ထားချိန်ဖြစ်သည်။
17-Mar-2018
ဘရေဟန်မာဖီတစ်ယောက် မြောက်ကာရိုလိုင်းနာ၊ ရှားလော့မြို့၊ ဟာဒင်းအထက်တန်းကျောင်း၏ ရက်ဘီဘောလုံးသမားကောင်းတစ်ယောက် ဖြစ်ရစေမည်ဟု ကတိပေးသည်။ သို့သော် သူ့နည်းပြဆမ်ဂျီးနားက သူ့ကျောင်းပညာရေးအဆင့်ကို စစ်ဆေးလိုက်သည့် အခါတွင် သုံးစားမရလောက်အောင် အဆင့်တွေကျနေကြောင်း တွေ့လိုက်ရသည်။ မာဖီ အဘယ်ကြောင့် ဤသို့ ဖြစ်နေရသနည်း ဆိုသည်ကို ဆရာဆမ်ဂျီးနားက လိုက်စုံစမ်းလိုက်သည့်အခါတွင် တပည့်ကျော်သည် ညအချိန်တွင် အိပ်စရာမရှိ။ လမ်းဘေးတွင် ဖြစ်သလို နေရာရှာကာ အိပ်နေရသူတစ်ယောက်ဟု သိလိုက်ရသည်။
17-Mar-2018
အင်္ဂလိပ်စာဖြင့် Entrepreneur ကို စီးပွားရေးလုပ်ငန်းရှင်၊ စီးပွားရေးစွမ်းဆောင်ရှင်ဟု မြန်မာလို ပြန်ဆိုကြပါသည်။ အင်္ဂလိပ်အဘိဓာန်တွင် (a person who sets up a business or businesses, taking on financial risks in the hope of profit) ဟူ၍ ဖွင့်ဆိုပါသည်။ စွန့်ဦးဆိုခြင်းထက် အခက်အခဲများကို စွန့်စားပြီး ကျော်လွှားကာ အောင်မြင်ချမ်းသာအောင် လုပ်ဆောင်နိုင်သူများ ဖြစ်သည်။
25-Feb-2018
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၏ အနုတ် ၅ ဒီဂရီ အေးမြသောရာသီထဲတွင် လူတွေက အနွေးထည် ထူထူကြီးတွေဝတ်ပြီး တစ်နေရာမှ တစ်နေရ ပြေးလွှားနေကြသည်။ Coex ဆိုသည့် အဆောက်အအုံကြီးတစ်ခုထဲတွင် အပူလွှတ်ထားသောကြောင့် လူများ သက်သောင့်သက်သာဖြင့် သွားလာနိုင်ကြသည်။ အချို့ဆိုလျှင် တီရှပ်များနှင့်ပင် လျှောက်သွားနေကြသည်။ တီရှပ်ဆိုသော်လည်း ကုမ္ပဏီတံဆိပ်ပါ ယူနီဖောင်းများဖြစ်သည်။
10-Feb-2018
၂၀၁၇ ခုနှစ် UNICEF ၏ ထုတ်ပြန်ချက်တွင် အင်တာနက်သုံးစွဲနေသူ သုံးဦးတွင် တစ်ဦးသည် ကလေးများဖြစ်သည်ဟု ဆိုထားသည်။ ဒစ်ဂျစ်တယ်နည်းပညာသည် ဆဲလ်ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်နှင့် ဂိမ်းများလို နေရာအနှံ့ပျံ့နှံ့လျက်ရှိသည်။ တစ်နည်းပြောရလျှင် လူငယ်ထုအတွင်း ထိုးဖောက်ဝင်ရောက်ကာ ကလေးတွေ၏ ဘဝပေါင်းများစွာကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိခဲ့ပါသည်။
03-Feb-2018
“ကျွန်တော်က ကျွန်တော့်ပရိုဂရမ်မာတွေကို သူများလုပ်နေတဲ့အတိုင်း သာမန် ၁၀ ခုကို လိုက်လုပ်နေမယ့်အစား၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်ခုလောက်ပဲ ရအောင်တီထွင်ပါလို့ အမြဲပြောတယ်”
28-Jan-2018
မာရှာဒရိုကိုဗာသည် အသက် ၂၈ နှစ်သာ ရှိသေးသည်။ သူက ယခင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည်။ ယခုတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဘဝကို အသွင်ပြောင်းခဲ့သည်။ အမေရိကန်ပြည်ထောင်စု ဆီလီကွန်တောင်ကြားဟုခေါ်သော နည်းပညာရပ်ဝန်းကြီးကို ရောက်လာပြီး ၂၀၁၈ ခုနှစ်ဦးပိုင်းကတည်းက ဆိုင်တစ်ဆိုင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်။