News

19-May-2018
ဂူးဂဲလ် (Google) သည် အမေရိကန်ပြည်ထောင်စုရှိ ကမ္ဘာ့နိုင်ငံသားပေါင်းစုံ စုဝေးကာ ပျော်ရွှင်စွာဖြင့် လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေကြသည့် နေရာတစ်နေရာဖြစ်သည်။ အင်တာနက်နှင့်ပတ်သက်ပြီး တစ်ကမ္ဘာလုံး၏ကြီးမားသော ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးနေပြီး အွန်လိုင်းကြော်ငြာလုပ်ငန်း၊ အွန်လိုင်း Search Engine လုပ်ငန်း၊ Cloud Computing ခေါ် အွန်လိုင်းဒေတာများ သိမ်းဆည်းသိုလှောင်ပေးသည့်လုပ်ငန်း၊ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲလုပ်ငန်းများကို လုပ်ဆောင်နေသည့် ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်သည်။
19-May-2018
လယ်ရီပိတ် (Larry Page) သည် ၁၉၇၃ ခုနှစ်တွင် မွေးဖွားပြီး အသက် ၂၀ ကျော်အရွယ်တွင် Google ဆိုသည့် ကမ္ဘာကျော် ကုမ္ပဏီကြီး၏ CEO ရာထူးကို ရရှိခဲ့သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ သူသည် ကမ္ဘာ့ ၉ ဦးမြောက် အချမ်းသာဆုံး သူဌေးစာရင်းဝင်ဖြစ်နေသည်။ သူ၏ ကြွယ်ဝသောပိုင်ဆိုင်မှုမှာ ဒေါ်လာ ၅၁ ဘီလီယံခန့် ရှိသည်။
12-May-2018
သူ့အမည်က အိုင်ဖီရင်ဝါ ဖရက်ဒရစ်ဖြစ်သည်။ အသက် ၂၅ နှစ်သာရှိသေးသော်လည်း Chuku’s ဆိုသည့်လုပ်ငန်းကို ထူထောင်ထားနိုင်ခဲ့ပြီ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်သည့် စွန့်ဦးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာစေရန် သူကြိုးပမ်းခဲ့ပုံကလည်း အတုယူစရာဖြစ်သည်။
12-May-2018
ဂါဘီကော့သည် Chroma Stationary ဆိုသည့် လုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင် နေသူဖြစ်သော်လည်း အသက်က ၂၅ နှစ်သာရှိသေးသည်။ သူသည် ဖက်ရှင်ပရိုမိုရှင်း ဘာသာရပ်ကို တက်ရောက်သင်ကြားနေစဉ် နောက်ဆုံးနှစ်၌ သူတင်သွင်းမည့်စာတမ်းအတွက် လက်တွေ့အနေနှင့် ရုံးသုံး၊ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ ပစ္စည်းလေးများကို လိုက်ဖြန့်ရသည်။
12-May-2018
သူ့အမည်က ရို့စ်ဒိုင်ဆန်ဖြစ်သည်။ အသက်က ၁၈ နှစ်သာရှိသေးသည်။ ဗြိတန်ရော့ရှိုင်းယား အရပ်၊ ဘန်စလေမြို့သူဖြစ်သည်။ အသက် ၁၅ နှစ် အရွယ်ကတည်းက မိတ်ကပ်၊ နှုတ်ခမ်းနီ၊ ကော့စ်မက်တစ်များကို ထုတ်လုပ်ရောင်းချနေသည့်အပြင် အသားအရေထိန်းသိမ်းနည်းသင်တန်းများကိုလည်း ပေးနေသူဖြစ်သည်။
12-May-2018
အင်တာနက်ခေတ် ဖြစ်လာသည့်အခါတွင် လူတိုင်းရှောင်လွှဲမရသည့် ခေတ်ဖြစ်လာသည်။ ကလေးဘဝကတည်းက ဆိုရှယ်မီဒီယာများနှင့် မကင်းနိုင်လောက်အောင် ဖြစ်နေချိန်တွင် တားဆီး၍မရနိုင်သော စွဲလမ်းမှုတစ်ခုလည်း ဖြစ်လာသည်။ ကောင်းသည် ဆိုးသည် ဝေဖန်မှုများ ဖြစ်ပေါ်လာချိန်တွင် ဆိုးသည်၊ ကောင်းသည် ဆိုခြင်းမှာ သုံးစွဲသူအပေါ် မူတည်ဆိုသည့် အယူအဆများကိုလည်း ပေါ်ထွက်စေပါသည်။
05-May-2018
သူ့အမည်က ဇက်နာသန်ဖြစ်သည်။ အသက်က ၂၃ နှစ်သာရှိသေးသည်။ Cornell တက္ကသိုလ်ကို ပထမနှစ်သာတက်ပြီး ကျောင်းထွက်ခဲ့သည်။ သူ့စိတ်ကူးထဲတွင်ရှိနေသည့် စီးပွားရေးလုပ်ငန်းကို အကောင်အထည်ဖော်ရန်ဖြစ်သည်။
05-May-2018
သူ့အမည်က ဒိုဟွိုင်နမ်ဖြစ်သည်။ ဟနွိုင်း Amster - dam အထက်တန်းကျောင်းတွင် တက်ခဲ့သည်။ ဒိုဟွိုင်နမ်သည် အမေရိကန်ပြည်ထောင်စု Silicon Valley တွင် Emotiv Systems ကို သွားရောက် ဖော်ဆောင်နိုင်ခဲ့သူလည်းဖြစ်သည်။ Emotiv Systems ဆိုသည်မှာ ဦးခေါင်းတွင် နားကြပ်လိုပစ္စည်းတစ်မျိုးကို တပ်ထားလိုက်လျှင် ထိုတပ်ထားသူ၏ စိတ်ကို ဖတ်နိုင်စေရန် တီထွင်ထားသည့်စနစ်တစ်မျိုးဖြစ်သည်။
28-Apr-2018
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ပြည်သူ့ရင်ပြင်တွင် လူသွားလမ်းဘေး တစ်ဖက်တစ်ချက်၌ ထီးလေးတွေ အစီအရီဖွင့်ပြီး ချထားကြသည်။ ထီးလေးတွေပေါ်တွင် စာလေးတွေကပ်ထားသည်။ အရပ်အမြင့်၊ ကိုယ်အလေးချိန်၊ ပညာရေးနှင့် အလုပ်အကိုင်တွေကို ရေးသားဖော်ပြထားသည်။ ထိုထီးလေးများသည် ချစ်သူရွေးစရာ ကြော်ငြာထီးလေးတွေ ဖြစ်ကြသည်။
28-Apr-2018
သူ့အမည်က အဲလစ်လစ်ဗင်းဖြစ်သည်။ အသက်က ၂၄ နှစ်ရှိပြီ။ သူ့ကို အသန့်စားအဲလစ်ဟုလည်း ခေါ် ကြသည်။ စပယ်ရှယ်ထရိန်နာ (ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် သီးသန့်ကျန်းမာရေးလေ့ကျင့်ပေးသူ) အဖြစ် ထင်ရှားသည်။
28-Apr-2018
မနက်တိုင်း ရုံးချိန်ကျောင်းချိန်တွင်ကားတွေ ပိတ်ကျပ်ပြီးနေတတ်သည်။ ထိုအချိန်တွင် လူတိုင်း၏ ခေါင်းထဲတွင် မည်သို့ဖြစ်နေမည်နည်း။ အက်ဟော်လန်ကတော့ ပိတ်နေသည့်ယာဉ်ကြောထဲတွင် စိတ်ကူးတစ်ခု လက်ခနဲ တောက်လိုက်သည်။
06-Apr-2018
ရှီတယ်ရှား၏ အဓိကပန်းတိုင်မှာ ရေမွှေးထုတ်လုပ်ချင်သူဖြစ်သည်။ သူက ရေမွှေးကို ဝါသနာပါသည်။ ထို့ကြောင့် နွေရာသီကျောင်းပိတ်ရက်တွင် ရေမွှေးလုပ်သည့်လုပ်ငန်းထဲဝင်ကာ လေ့လာမိသည်။ ရေမွှေးကို လေ့လာရင်းက စီးပွားရေးလုပ်ငန်းအသွင်ပြောင်းပြီး ငွေရှာသည်။ ငွေရလာပြန်တော့လည်း ကလေးဆေးရုံတွေကို အရုပ်လေးတွေ လိုက်လှူကာ ပျော်မွေ့တတ်သူဖြစ်သည်။
06-Apr-2018
ဂျိုနာပေါ့သည် မူလက ကော်ဖီဆိုင်တစ်ဆိုင်တွင် လစာနည်းနည်းဖြင့် ဘဝကို စတင်ခဲ့ရသူဖြစ်သည်။ ကော်ဖီဆိုင်တွင်လုပ်ရင်း သူ့ဘဝကိုသူ ပြန်ပြီးသုံးသပ်ကြည့်သည်။ ဤအတိုင်းနေလျှင် မတိုးတက်နိုင်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုခု ထူထောင်ရန်စဉ်းစားသည်။ ယခု သူက ကိုယ်ပိုင် ဖက်ရှင်ဆိုင်ကြီးတစ်ဆိုင် ထူထောင်နိုင်ခဲ့ပြီ။
05-Apr-2018
ဟောင်ကောင်တွင် အမြင့်ဆုံးအဆင့် လူငယ်အကြံပေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး မတ်လနောက်ဆုံးပတ်တွင် စတင်၍ နိုင်ငံရေးလောကထဲသို့ တာဝန်ယူရန် ရောက်ရှိလာကြသည်။ အသက် ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦးက အစိုးရအဖွဲ့၏ အကြံပေးအဖြစ် စတင်တာဝန်ထမ်းဆောင်တော့မည်ဖြစ်သည်။
05-Apr-2018
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပပေးတော့မည်ဖြစ်ကြောင်း အာဏာရစစ်ခေါင်းဆောင်များက ထုတ်ပြန်ကြေညာပြီးနောက် ပြည်သူတို့ စိတ်ဝင်စားလာသည့် လူငယ်တစ်ဦးမှာ နိုင်ငံရေးလောကထဲ ဝင်ရောက်လာသည့်အပြင် သူသည် ချမ်းသာသည့် ဘီလျံနာတစ်ဦးလည်းဖြစ်နေကြောင်း တွေ့ကြရသည်။