News

14-Jul-2018
သူ့အကြောင်းကို ၂၀၀၆ ခုနှစ်က မင်းသားဝီလ်စမစ်နှင့် The Pursuit of Happyness ဆိုပြီး ရုပ်ရှင်ရိုက်ခဲ့သည်။ ကမ္ဘာကျော်ဇာတ်ကားတစ်ကား ဖြစ်သွားခဲ့ရသည်။ ဂါ့ဒ်နာကိုယ်တိုင် သူ့ဘဝအခက်အခဲများအား ရင်ဆိုင်ကြိုးပမ်းခဲ့ရပုံများကို ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိအဖြစ် ထုတ်ဝေခဲ့သည်။ ထိုစာအုပ်ကတည်းက သူ့အကြောင်းကို လူတွေက စိတ်ဝင်စားခဲ့ကြသည်။
14-Jul-2018
စတိဂျော့ (Steve Jobs) ဆိုသည့်ကောင်လေးသည် ကျောင်းမတက်မီကတည်းက ပညာများကို သူ့ဘာသာသူ လေ့လာခဲ့သူတစ်ယောက်ဖြစ်သည်။ သူက ဖခင်ဖြစ်သူနှင့်အတူ ကားဂိုဒေါင်အတွင်းရှိ အလုပ်စားပွဲပေါ်တွင် အလုပ်လုပ်ကိုင်ခဲ့ရသူဖြစ်သည်။ သူနေထိုင်ရသည့် မောင်းတိန်းဗျူးဝန်းကျင်တွင်လည်း အိမ်နီးချင်းတွေက အင်ဂျင်နီယာတွေဖြစ်နေခြင်းမှာ စတိဂျော့အတွက် ကံကောင်းခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ရေခံမြေခံကောင်းခဲ့သောကြောင့်လည်း စတိဂျော့တစ်ယောက် အီလက်ထရွန်နစ်ပညာကို စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။
07-Jul-2018
သူ့ကို ၁၈၀၉ ခုနှစ်တွင် မွေးဖွားသည်။ အမေရိကန်ပြည်ထောင်စု၏ ၁၆ ဦးမြောက် သမ္မတအဖြစ် ထင်ရှားသည်။ လူ့အခွင့်အရေးတိုက်ပွဲကို ဦးဆောင်ခဲ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ကျေးကျွန်စနစ် ပပျောက်ရေးအတွက် တိုက်ပွဲဝင်ပေးခဲ့သူတစ်ဦးဖြစ်သည်။ သို့သော် သူ့ဘဝသည် လွယ်ကူစွာဖြင့် ဖြတ်သန်းပြီး သမ္မတဘဝ ရောက်ခဲ့ရသူတစ်ဦးတော့ မဟုတ်ပေ။ သမ္မတအဖြစ် အစိုးရအဖွဲ့မရောက်မီက အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရသူဖြစ်သည်။
23-Jun-2018
သူ့အမည်အပြည့်အစုံမှာ ဖရန့်ဝမ်တောက် (Frank Wang Tao) ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့ ဒရုန်းလေးများကို တီထွင်ထုတ်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်ရာမှ အာရှ၏ အသက်အငယ်ဆုံး ဘီလီယံကြွယ် သူဌေးလေးတစ်ယောက်ဖြစ်လာသည်။ သူ့အသက်မှာ ၃၇ နှစ်ရှိပြီဖြစ်ကာ Forbes မဂ္ဂဇင်းကြီး၏ နည်းပညာသူဌေး ၁၀၀ စာရင်းဝင်တစ်ဦးဖြစ်လာသည်။
15-Jun-2018
ဂျက်ပါဆင်သည် အသက် ၂၄ နှစ်သာ ရှိသေးသည့် လူငယ်တစ်ဦးဖြစ်သည်။ သူသည် GCSE စာမေးပွဲကို ဝင်ဖြေရာတွင် ထူးချွန်စွာအောင်မြင်ခဲ့သူမဟုတ်။ အရက်သောက်သဖြင့် အိမ်နှင့်ပြဿနာတက်ကာ နှင်ချခံရသောကြောင့် ငွေရေးကြေးရေး အကျပ်အတည်း တွေ့ခဲ့ရသည်။
15-Jun-2018
ခရစ်ရှန် ဂျိမ်းစ်အီဗန်သည် အသက် ၂၅ နှစ်သာရှိသေးပြီး GeckoFX and Sanktuary Investments ကုမ္ပဏီကို ထူထောင်ထားသူဖြစ်သည်။ Cardiff Business School ကျောင်းမှ စီးပွားရေးဘွဲ့ကို ၂၀၁၄ ခုနှစ်တွင် ရခဲ့သည်။ သူက ရည်ရွယ်ချက်ကြီးမားသူတစ်ဦးဖြစ်သောကြောင့် လုပ်ငန်းကြီးကြီးမားမားတစ်ခုကို လုပ်ဆောင်မည်ဟု အားထုတ်နေသူတစ်ဦးလည်းဖြစ်သည်။ သို့သော် သူ့ရည်ရွယ်ချက်က နှစ်ပေါင်းများစွာ မအောင်မြင်ဘဲ စောင့်ဆိုင်းနေခဲ့ရသည်။
15-Jun-2018
မာဟွာတန်သည် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ ရက်ရောစွာလှူဒါန်းတတ်သူ၊ အင်ဂျင်နီယာ၊ အင်တာနက်နှင့် နည်းပညာစွန့်ဦးလုပ်ငန်းရှင်တစ်ဦးအဖြစ် ထင်ရှားသည်။ သူ့ကို အခြားနာမည်တစ်ခုဖြစ်သည့် ပိုနီမာ (Pony Ma) အနေနှင့်လည်း လူသိများသည်။ ယခုမှ အသက် ၄၆ နှစ်ခန့်ရှိသေးသော်လည်း သူ၏ချမ်းသာမှုမှာ ၂၀၁၈ ခုနှစ် မတ်လအထိ ဒေါ်လာ ၅၁ ဒသမ ၁ ဘီလီယံခန့်ဖြစ်သည်။ ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် အဆင့် ၁၄ ဖြစ်သည်။
09-Jun-2018
Wal-Mart ကို တည်ထောင်သူ၏ မြေးတစ်ယောက်ဖြစ်သည်။ ၁၉၈၆ ခုနှစ်တွင် မွေးဖွားသည်။ ၂၀၀၅ ခုနှစ်တွင် သူ့ဖခင် ဂျွန်ဝေါ်တန်သည် လေယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့သည်။ သူက သူ့ဖခင်ထံမှ အမွေများဆက်ခံပြီး လုပ်ငန်းကိုလည်း ဆက်လုပ်သည်။ သူ့ဖခင်ထံကရလိုက်သည့် အမွေက ဒေါ်လာ ၁၁ ဘီလီယံဖြစ်သည်။
09-Jun-2018
ဂျိုကမ်ဖေးသည် တရုတ်စွန့်ဦးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူသည် ၁၉၇၀ ပြည့်နှစ်တွင် မွေးဖွားသဖြင့် ယခုဆိုလျှင် အသက် ၄၈ နှစ်သာ ရှိသေးသော်လည်း ၂၀၁၈ ခုနှစ် (Forbes) က ထုတ်ပြန်သည့် စာရင်းအရ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံ ချမ်းသာကြွယ်ဝသော တရုတ်အမျိုးသမီးတစ်ဦးဖြစ်နေပြီ။ ထို့ပြင် မိဘချမ်းသာသောကြောင့် မဟုတ်ဘဲ ကမ္ဘာ့ကိုယ့်အားကိုယ်ကိုး ကြိုးစားခဲ့သူ အမျိုးသမီးများထဲတွင်လည်း အချမ်းသာဆုံး၊ နည်းပညာလောကတွင်လည်း အချမ်းသာဆုံးအမျိုးသမီးအဖြစ် ဂုဏ်ဝင့်နိုင်သူတစ်ဦးလည်းဖြစ်သည်။ သူသည် ကွန်ပျူတာနှင့် ဖုန်းများ၏ မျက်နှာပြင် (Touchscreen) များကို ထုတ်လုပ်သော Lens Technology ကို ထူထောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
02-Jun-2018
သူ့စရိုက်က အသိဉာဏ်မြင့်မားသူဖြစ်သလို၊ တစ်ဦးချင်း စွမ်းဆောင်နိုင်မှုများတွင်လည်း လိုက်မမီအောင်ထူးချွန်သည်။ သူက သူကြိုးစားသလို သူ့ဝန်းကျင်ကိုလည်း ကြိုးစားစေချင်သည်။ သူ့ပတ်ဝန်းကျင်ကလူတွေကို သူ့လိုလူတွေအဖြစ်သာ ရှုမြင်သတ်မှတ်ထားတတ်သည်။ သူ့ကို တစ်ခါတစ်ရံ ဒေါသတွေ ထွက်နေတာမျိုး တွေ့ရကောင်း တွေ့နိုင်သည်။
26-May-2018
သူ့ကို ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် မွေးဖွားသည်။ အမေရိကန်နိုင်ငံသားဖြစ်သည်။ Napster ကုမ္ပဏီကို ထူထောင်ခဲ့သည်။ အင်တာနက်ပေါ်တွင် ဖိုင်များကို Share လုပ်နိုင်သည့် အွန်လိုင်းပလက်ဖောင်းအဖြစ် Napster သည် ထင်ရှားလာသည်။ Napster ပေါ်တွင် အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်သော Airtime နှင့် နိုင်ငံရေးလိုင်းတစ်လိုင်းဖြစ်သော Brigade တို့ကိုလည်း ကိုယ်ထောက်ခံအားပေးချင်သူကို အားပေးနိုင်ရန် စီစဉ်ပေးထားသည်။
26-May-2018
သူ့ကို ၁၉၇၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားသည်။ အမေရိကန်နိုင်ငံသားဖြစ်သည်။ Twitter ကို စတင်ထူထောင်ထဲ့သူလည်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုတွင် နေထိုင်သည်။ ဆိုရှယ်ကွန်ရက် Website များအထဲတွင် Facebook ပြီးလျှင် Facebook သည် ဒုတိယနေရာ လိုက်နေသည့် လူကြိုက်အများဆုံး လူမှုကွန်ရက်ကြီး တစ်ခုဖြစ်နေသည်။
26-May-2018
၁၉၇၇ ခုနှစ် ဖေဖော်ဝါရီ ၁၈ တွင် မွေးဖွားသည်။ ဂျပန်နိုင်ငံသားဖြစ်ပြီး ကိုယ့်အားကိုယ်ကိုး ကြိုးစားပြီး သူဌေးဖြစ်လာသူများထဲတွင် Facebook ကို ထူထောင်သူ Mark Zuckerberg ပြီးလျှင် ကမ္ဘာ့ ဒုတိယအငယ်ဆုံး ဘီလျံနာသူဌေးလေးတစ်ဦးဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် အာရှ၏ အသက် ၃၅ နှစ်အောက် လူငယ်များထဲ၌ ကိုယ့်အားကိုယ်ကိုး အချမ်းသာဆုံး လူငယ်တစ်ဦးဖြစ်လာခဲ့ရသည်။