News

15-Sep-2018
စွန့်ဦးလုပ်ငန်းရှင်လေးများအဖို့ ဈေးကွက်နှင့် ဖောက်သည်သည် အဓိကကျသည့်အောင်မြင်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။ အက်မာနှင့် ပရင်းစ်တို့ နှစ်ဦးအတွက်မူ သူတို့ဈေးကွက်က ထင်သာမြင်သာမရှိလောက်အောင်ဖြစ်နေသည်ဆိုခြင်းမှာ ထူးဆန်းသည်ဟုဆိုရမည်။
01-Sep-2018
၂၉ နှစ်သာရှိသေးသည့် ဒိုရှီသည် စတိဂျော့ဆိုသည့် Apple ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူ တီထွင်သွားသော ဒီဇိုင်းများကို မှားနေသည်ဟု မြင်သူဖြစ်သည်။ ထို့ကြောင့်လည်း သူက ကိုယ်ပိုင်ကုမ္ပဏီတစ်ခုထူထောင်ပြီး သက်သေပြနိုင်ရန် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။
01-Sep-2018
သူ၏ ပထမဆုံးနှင့် အများဆုံး ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းမှာ အင်တာနက်လုပ်ငန်းဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် သူက Yahoo ကုမ္ပဏီ၏ ရှယ်ယာများကို ဝယ်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင်လည်း ဒေါ်လာ သန်း ၂၀ ခန့် ရင်းနှီးမြှုပ်နှံပြီး Alibaba ၏ ရှယ်ယာများကို ဝယ်ခဲ့သည်။
25-Aug-2018
“ကျွန်မကို ကြည့်ရှုအားပေးသူတွေက အဲဒီဆံပင်သန်ဆေးထုတ်ပါလို့ ပြောကြတယ်။ ဒါပေမဲ့ အိမ်တွင်းမှာ ဒါတွေကို ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ နည်းနည်းလေးထုတ်ရင် ဈေးနှုန်းကလည်း အများကြီးကျသွားမှာဆိုတော့ တွက်ခြေကိုက်မှာ မဟုတ်ဘူး” ဟု သူကဆိုသည်။
25-Aug-2018
“လူတွေက လက်ရှိလုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့ ဒရုန်းတွေကို အစားထိုးတော့မယ်။ ဒါကြောင့် ကောင်းကင်ပေါ်မှာ ဒရုန်းထောင်ပေါင်းများစွာ ပျံသန်းနေတဲ့ခေတ်ကို ရောက်လာတော့မယ်။ ဒရုန်းတွေကို လုပ်ငန်းမှာသုံးဖို့ဆိုတာ လုပ်ငန်းစတင်တဲ့ ကုမ္ပဏီ လေးတွေအနေနဲ့လည်း အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ မဖြစ်မနေ သုံးကိုသုံးလာရတော့မယ်”ဟု လီမီးရပ်ကဆိုသည်။
18-Aug-2018
တစ်ယောက် သူ့အသားအရေများ ပြောင်းလဲလာခြင်းကို ကောလိပ်ရောက်မှ စတင်သတိထားမိသည်။ သူ့မျက်နှာတွင် ဝက်ခြံတွေ ထွက်လာသည်။ ထိုဝက်ခြံတွေကြောင့် စိတ်ပျက်အားငယ်ခဲ့ရသည်။ သို့သော် သူ့အားနည်းချက်ကို အားသားချက်တစ်ခုဖြစ်အောင် မည်သို့လုပ်ရမည်နည်းဟု စဉ်းစားသည်။
18-Aug-2018
ကွန်ပျူတာခေတ်ဦးတွင် မိုက်ခရိုကွန်ပျူတာများအတွက် BASIC လိုပရိုဂရမ်မျိုးကို မည်သူမှ မရေးသားနိုင်ခဲ့ကြပေ။ ဂိတ်စ်နှင့် အယ်လန်တို့က နောင်တစ်ချိန်တွင် Software Developer ဖြစ်လာကြမည့်သူတွေကို ရှေ့ဆောင်လမ်းပြကာ လုပ်ငန်းတစ်ခုအတွက် standard တစ်ခုကို ဖော်ထုတ်ပြသခဲ့ကြခြင်းဖြစ်သည်။ သူတို့က BASIC နှင့် ပတ်သက်ပြီး တိုးတိုးတိတ်တိတ်သာ ဈေးကွက်ကိုဖော်ထုတ်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ ကွန်ပျူတာခန်းအတွင်း တစ်နေ့တစ်နာရီ နှစ်နာရီလောက်သာအိပ်ကာ သူတို့ လုပ်ဆောင်ခဲ့ကြသည်။ လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေချိန်တွင် ဂိတ်စ်သည် PDP-10 ကွန်ပျူတာနောက်တွင် ခေတ္တနားကာလဲလျောင်းတတ်သည်။ များသောအားဖြင့် ကွန်ပျူတာခုံပေါ်တွင် ခေါင်းစိုက်ပြီးအိပ်ပျော်နေတတ်သည်က များသည်။ လန့်နိုးသည်နှင့် ချက်ချင်း ကီးဘုတ်ကို ထရိုက်နေတတ်ပြန်သည်။
11-Aug-2018
သူ့အမည်က ဗစ်ရှ်နက်စကီးဖြစ်သည်။ အသက် ၂၉ နှစ်သာရှိသေးသည် လူငယ်တစ်ဦးဖြစ်သည်။ သူ၏ဆန်ဖရန်စစ္စကို အခြေစိုက် Discord ကုမ္ပဏီကို ဂျေဆန်စီထရွန်နှင့်အတူ ၂၀၁၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့ကြသည်။ Discord သည် ဆော့ဖ်ဝဲထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ မူလက ဂိမ်းကစားသူများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်နိုင်သည့် ဆော့ဖ်ဝဲလေးကို တီထွင်ခဲ့ရာ သုံးစွဲသူ ၂၀ ဦးသာ ရှိခဲ့သည်။ ယခုဆိုလျှင် ကမ္ဘာတစ်ဝန်း သူတို့ဆော့ဖ်ဝဲကို သုံးစွဲနေသူပေါင်း သန်း ၉၀ ကျော်ရှိနေပြီ။
11-Aug-2018
မနက်တိုင်းလိုလို လေ့ကက်သရင်းဘွန်းနား တစ်ယောက်ကို အိမ်ခေါင်မိုးပေါ်တွင် တွေ့ရမည်။ ပန်းနုရောင်လက်အိတ်တွေကို ဝတ်ထားပြီး ပျားအုံတွေနှင့် အလုပ်ရှုပ်နေတတ်သည်။ နေ့လယ်ခင်းတွင် သူက Fortune 500 ကုမ္ပဏီ ညီလာခံကို လာတက်သည်။ သူ့အသက်က ၂၅ နှစ်သာရှိသေးသော်လည်း ကုမ္ပဏီတွင် CEO တစ်ဦးအဖြစ် တာဝန်ယူထားရသူဖြစ်သောကြောင့် ညီလာခံကို လာတက်ခြင်းဖြစ်သည်။ သူက ပျားမွေးမြူရေးလုပ်ငန်းနှင့် ပျားကောင်ရေ တိုးပွားလာရေးတို့ကို ဦးဆောင်ပြီး လှုပ်ရှားနေသူတစ်ဦးဖြစ်သည်။
11-Aug-2018
မနက်တိုင်းလိုလို လေ့ကက်သရင်းဘွန်းနား တစ်ယောက်ကို အိမ်ခေါင်မိုးပေါ်တွင် တွေ့ရမည်။ ပန်းနုရောင်လက်အိတ်တွေကို ဝတ်ထားပြီး ပျားအုံတွေနှင့် အလုပ်ရှုပ်နေတတ်သည်။ နေ့လယ်ခင်းတွင် သူက Fortune 500 ကုမ္ပဏီ ညီလာခံကို လာတက်သည်။ သူ့အသက်က ၂၅ နှစ်သာရှိသေးသော်လည်း ကုမ္ပဏီတွင် CEO တစ်ဦးအဖြစ် တာဝန်ယူထားရသူဖြစ်သောကြောင့် ညီလာခံကို လာတက်ခြင်းဖြစ်သည်။ သူက ပျားမွေးမြူရေးလုပ်ငန်းနှင့် ပျားကောင်ရေ တိုးပွားလာရေးတို့ကို ဦးဆောင်ပြီး လှုပ်ရှားနေသူတစ်ဦးဖြစ်သည်။
04-Aug-2018
အစ္စဘဲလားသည် အသက် ၁၆ နှစ်သားရှိသေးသည့် စီးပွားရေးလုပ်ငန်းရှင်လေးတစ်ဦး ဖြစ်လာသည်။ သူက Luv Ur Skin ဆိုသည့် ကုမ္ပဏီကို ထူထောင်ထားသည်။ သူ့လုပ်ငန်းက သဘာဝအတိုင်း အသားအရေကို ထိန်းသိမ်းထားနိုင်စေမည့်နည်းများနှင့် လိမ်းဆေးများကို ထုတ်လုပ်ရောင်းချခြင်းဖြစ်သည်။ သဘာဝဆေးဖက်ဝင်အပင်များက ထုတ်သည့် လူးဆေးသည် နာမည်ကျော်သွားပြီး လုပ်ငန်းရှင်ကြီး ဖြစ်ခဲ့ရသည်။ အလှကုန်လုပ်ငန်းအဖြစ် ခန္ဓာကိုယ်လိမ်းဆေး၊ နှုတ်ခမ်း အရောင်တင်ဆီ၊ လက်သည်းဆိုးဆေးများကို ထုတ်လုပ်လျက်ရှိသည်။
28-Jul-2018
မာယန်က မိမိအနေနှင့် C2C ဟုခေါ်နေသော Customer-to-Customer ဈေးကွက်ထဲဝင်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ သူက ဈေးကွက်ကို လွှမ်းမိုးနိုင်ရေးအတွက် နည်းမျိုးစုံနှင့် ပြင်ဆင်တော့သည်။ ပထမဆုံးတိုက်ပွဲကိုလည်း သူက လျှို့ဝှက်စွာ စီစဉ်နေသည်။ Taobao ကို သူပွဲထုတ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်မည့် ပမာဏမှာ ယွမ်သန်း ၁၀၀ ဟု ခန့်မှန်းထားသည်။
21-Jul-2018
နောမင့်ဇ်သည် Nannies by Noa ကုမ္ပဏီကို ထူထောင်ထားသူဖြစ်သည်။ အသက် ၁၈ နှစ်သာ ရှိသေးသည်။ အသက် ၁၆ နှစ်သမီးကတည်းက ကလေးစောင့်ရှောက်ရေးဝန်ဆောင်မှု လုပ်ငန်းကို ထူထောင်ထားသည်။ နယူးယောက်နှင့် ဟမ်တန်တို့တွင် ကလေးများစောင့်ရှောက်ရေးလုပ်ငန်းကို ကိုယ်တိုင်ကြီးမှူးပြီး လုပ်ကိုင်နေသည်။