05-Mar-2020
“အာရုံနဲ့သိမှုဆိုတာကတော့ရှင်းပါတယ်။ မြင်နေရတာ၊ ကြားနေရတာ၊ ထိတွေ့နေရတာတွေပေါ့။ ဆိုလိုတာက ပကတိအရှိတရားကို ငါတို့အာရုံနဲ့ ခံစားပြီးသိနိုင်တယ်။ ငါတို့ရဲ့ အာရုံနဲ့ လွတ်ကင်းနေရင် လောကကြီးမှာ အမှန်တကယ်မရှိဘူးလို့ဆိုတယ်။ ဥပမာဆို သရဲတို့၊ ဝိညာဉ်တို့လို အရာမျိုးဟာ တစ်ဆင့်စကားတစ်ဆင့် ရှိတယ်လို့သာကြားရပေမယ့် ငါတို့ရဲ့ အာရုံနဲ့ ခံစားလို့မရနိုင်တဲ့အတွက် အမှန်တကယ် မရှိကြဘူး။ သိပ္ပံပညာမှာလည်း ဒီနည်းပဲ။ အမှန်တကယ်ရှိကြောင်း လက်ဆုပ်လက်ကိုင် မပြနိုင်ရင် အခြေခံသဘောအားဖြင့် လက်မခံဘူး။ ဒီအထိ ရှင်းတယ်ဟုတ်”