News

POST TYPE

YOUTH

မြောက်ဦး အဓိကရုဏ်းပါသူ လူငယ် ၈ ဦးကို ထောင်ရှစ်လစီချ
24-Sep-2018

စစ်တွေ၊ စက်တင်ဘာ ၂၄

မြောက်ဦး အဓိကရုဏ်းကြောင့် ဖမ်းဆီးတရားစွဲထားသော လူငယ် ၈ ဦးကို စစ်တွေတရားရုံးက ယနေ့ (စက်တင်ဘာ ၂၄ ရက်)တွင် ထောင် ၈ လစီချလိုက်သည်။ သို့သော် ချုပ်ရက်နှင့်ပင် လွတ်မြောက်ခဲ့ကြသည်။

လူငယ် ၈ ဦးကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေပုဒ်မ ၆ (၁) နှင့်တရားစွဲပြီး ရာဇသတ်ကြီးပုဒ်မ ၁၄၅ အရ စွဲချက်တင်ခဲ့ရာ ၎င်းတို့ကအပြစ်ရှိကြောင်းဝန်ခံသဖြင့် ထောင် ၈ လစီကျခံရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယခုနှစ်ဆန်းက မြောက်ဦးတွင် ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခြင်း နန်းတော်ရာကုန်းပေါ်တွင် စာပေဟောပြောမည်ကို အုပ်ချုပ်ရေးကပိတ်ခဲ့သဖြင့် လူထုကဆန္ဒပြကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဖျက်ဆီးခဲ့ကြသည်။

ရဲက သေနတ်ပစ် လူစုခွဲခဲ့သည်။ ၇ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့သည်။ ၁၂ ဦးအနက် ၄ ဦးထွက်ပြေးသွားသဖြင့် ကျန်သည့်လူငယ် ၈ ဦးကို ပုဒ်မ ၆ (၁)ဖြင့် စစ်တွေထောင်၌ ဖမ်းဆီးစစ်ဆေးခဲ့သည်မှာ ၈ လကျော် ကြာပြီဖြစ်သည်။

R-22