News

POST TYPE

YOUTH

ဆိုရှယ်မီဒီယာ သူဌေးလေးများ
26-May-2018


Sean Parker

သူ့ကို ၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် မွေးဖွားသည်။ အမေရိကန်နိုင်ငံသားဖြစ်သည်။ Napster ကုမ္ပဏီကို ထူထောင်ခဲ့သည်။ အင်တာနက်ပေါ်တွင် ဖိုင်များကို Share လုပ်နိုင်သည့် အွန်လိုင်းပလက်ဖောင်းအဖြစ် Napster သည် ထင်ရှားလာသည်။ Napster ပေါ်တွင် အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်သော Airtime နှင့် နိုင်ငံရေးလိုင်းတစ်လိုင်းဖြစ်သော Brigade တို့ကိုလည်း ကိုယ်ထောက်ခံအားပေးချင်သူကို အားပေးနိုင်ရန် စီစဉ်ပေးထားသည်။ 

အသက် ၁၅ နှစ်သားတွင် Brigade သည် Shawn Fanning ဆိုသူနှင့် အွန်လိုင်းပေါ်တွင်တွေ့ပြီး မိတ်ဆွေ ဖြစ်သွားကြသည်။ သူတို့နှစ်ယောက် ပူးပေါင်းပြီး အပြန်အလှန် ဖိုင်များကို Share လုပ်ပေးနိုင်မည့် Napster ဆိုသည့် Site တစ်ခုကို ထူထောင်ကာ ၁၉၉၉ ခုနှစ် ဇွန်လတွင် လွှင့်တင်လိုက်သည်။ သူတို့ ရင်းနှီးစိုက်ထုတ်လိုက်ရသည့်ပမာဏမှာ ဒေါ်လာ ၅၀၀၀၀ ဖြစ်သည်။ ၁၂ လအတွင်း သုံးစွဲသူ သန်းချီရှိလာပြီး အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာသည့် Website တစ်ခုအဖြစ် အသိအမှတ်ပြုခြင်း ခံလိုက်ရသည်။ 

Parker သည် ထင်ရှားလာသလို အလှူအတန်းလည်း အလွန်ရက်ရောသူတစ်ဦးဖြစ်သည်။ Parker Foundation ကို ၂၀၁၅ ခုနှစ်တွင် ထူထောင်ပြီး ဒေါ်လာသန်း ၆၀၀ မတည်ပေးထားသည်။ ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၏ သူ၏ ဖောင်ဒေးရှင်းက လိုက်လံလုပ်ဆောင်နေသည်။ ထို့ပြင် သိပ္ပံပညာဖွံ့ဖြိုးရေး လူမှုရေးတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ကင်ဆာရောဂါပပျောက်ရေးအတွက် လှုပ်ရှားနေသည့် Stand Up to Cancer နှင့် ငှက်ဖျားပပျောက်ရေးလုပ် ဆောင်နေသော Malaria No More အဖွဲ့များကိုလည်း လှူဒါန်းထောက်ပံ့နေသည်။ သူ၏ ကြွယ်ဝချမ်းသာမှုမှာ ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံဖြစ်သည်။

E-01

(Ref: The Top 10 Richest Social Media Entrepreneurs)