News

POST TYPE

YOUTH

ဆိုရှယ်မီဒီယာ သူဌေးလေးများ
26-May-2018 tagged as



Jack Dorsey

သူ့ကို ၁၉၇၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားသည်။ အမေရိကန်နိုင်ငံသားဖြစ်သည်။ Twitter ကို စတင်ထူထောင်ထဲ့သူလည်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုတွင် နေထိုင်သည်။ ဆိုရှယ်ကွန်ရက် Website များအထဲတွင် Facebook ပြီးလျှင် Facebook သည် ဒုတိယနေရာ လိုက်နေသည့် လူကြိုက်အများဆုံး လူမှုကွန်ရက်ကြီး တစ်ခုဖြစ်နေသည်။ 

Twitter ကို ယနေ့ သုံးစွဲသူပေါင်း ၃၀၄ သန်း ကျော်ရှိသည်။ ကြော်ငြာမှ သူ့အတွက် ဝင်ငွေများရရှိ နေသည်။ Jack သည် ၁၉၉၉ ခုနှစ်တွင် နယူးယောက်တက္ကသိုလ်မှ ကျောင်းမပြီးဘဲ ထွက်ခဲ့ရသူဖြစ်သည်။ သူ့ဘဝကို သူကိုယ်တိုင်လက်မှတ်ပေးပြီး အသိအမှတ်ပြုကာ ကြိုးစားခဲ့ရသည်။ ၂၀၀၆ ခုနှစ်တွင် မိတ်ဆွေ သုံးဦးနှင့်ပူးပေါင်းပြီး Twitter! ကို ထူထောင်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် သူကိုယ်တိုင် ကုမ္ပဏီ ဥက္ကဋ္ဌနေရာကို သိမ်းပိုက်နိုင်ခဲ့သည်။ ယနေ့ဆိုလျှင် သူ၏ Twitter က တစ်ဆင့် ချမ်းသာကြွယ်ဝလာမှုမှာ ဒေါ်လာ ၂ ဘီလီယံဖြစ်သည်။

E-01

  • TAGS