News

POST TYPE

YOUTH

ဆိုရှယ်မီဒီယာ သူဌေးလေးများ
26-May-2018



Yoshikazu Tanaka

၁၉၇၇ ခုနှစ် ဖေဖော်ဝါရီ ၁၈ တွင် မွေးဖွားသည်။ ဂျပန်နိုင်ငံသားဖြစ်ပြီး ကိုယ့်အားကိုယ်ကိုး ကြိုးစားပြီး သူဌေးဖြစ်လာသူများထဲတွင် Facebook ကို ထူထောင်သူ Mark Zuckerberg ပြီးလျှင် ကမ္ဘာ့ ဒုတိယအငယ်ဆုံး ဘီလျံနာသူဌေးလေးတစ်ဦးဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် အာရှ၏ အသက် ၃၅ နှစ်အောက် လူငယ်များထဲ၌ ကိုယ့်အားကိုယ်ကိုး အချမ်းသာဆုံး လူငယ်တစ်ဦးဖြစ်လာခဲ့ရသည်။ 

၂၀၀၄ ခုနှစ်တွင် Gree ကုမ္ပဏီကို စတင်ထူထောင်ခဲ့သည်။ ဂျပန်နိုင်ငံ၏ အကြီးဆုံး ဆိုရှယ်ကွန်ရက် Website ကြီးတစ်ခုဖြစ်လာခဲ့သည်။ ဂျပန်နိုင်ငံတွင် သုံးစွဲသူပေါင်း ၂၉ သန်းကျော်ရှိသည်။ တစ်ကမ္ဘာလုံး အသုံးပြုနိုင်ရန် Gree ကို ဆက်လက်ကြိုးပမ်းနေသည်။

Gree သည် ကွဲပြားသည့်အဆင့် ၆ ဆင့်ဆိုသည့် သဘောတရားဖြင့် အဓိပ္ပာယ်ကောက်ယူကာ ခေါ်ဆိုထားခြင်းဖြစ်သည်။ စိတ်ပညာရှင် စတန်လေမီလ်ဂရမ်၏ သဘောတရားဖြစ်သော Six Degrees of Separation ကို သဘောကျပြီးတစ်ဦးနှင့်တစ်ဦး ပေါင်းစည်ခြင်း၊ ဆက်သွယ်ခြင်း၊ အဝန်းအဝိုင်းတစ်ခု ထူထောင်ခြင်း၊ မိတ်ဆွေဖွဲ့ခြင်းစသည့် သဘောတရားများဖြင့် သူ၏ ဆိုရှယ်မီဒီယာကို လုပ်ဆောင်ကာ အောင်မြင်ခဲ့သူတစ်ဦးဖြစ်လာသည်။

Yoshikazu သည် ၂၀၀၃ ခုနှစ် အသက် ၂၆ နှစ် အရွယ်ကတည်းက Gree ကို စတင်လုပ်နေပြီး ဝါသနာအရ စတင်လုပ်ခဲ့ခြင်းဖြစ်သည်။ အများပြည်သူ သုံးစွဲနိုင်ရန် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီမှ စတင်ဖွင့်ပေးလိုက်သည်။ မတ်လတွင် လူပေါင်း ၁၀၀၀၀ ကျော်သုံးစွဲသည်။ ယခုသန်းချီပြီး ပရိသတ်ရှိနေသည်။ သူ၏ ကြွယ်ဝချမ်းသာမှုမှာ ဒေါ်လာ ၁ ဒသမ ၂၈ ဘီလီယံဖြစ်သည်။

E-01