News

POST TYPE

YOUTH

ဆိုရှယ်မီဒီယာ သူဌေးလေးများ
26-May-2018



Hae Jin Lee

သူ့ကို ၁၉၆၇ ခုနှစ် ဇွန်လ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ တောင်ကိုရီးယားနိုင်ငံသားဖြစ်သည်။ ကိုယ့်အားကိုယ်ကိုးပြီး ဘီလျံနာသူဌေးလေး ဖြစ်လာသူပင်။ သူက Naver Corporation ကို ထူထောင်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင် Line ဆိုသည့် အမည်ဖြင့် ဆိုရှယ်မီဒီယာလောက၌ ထင်ရှားသည်။ ဂျပန်နိုင်ငံတွင်လည်း ဆိုရှယ်ကွန်ရက်တစ်ခုအနေနှင့် လူသုံးများသည်။

 Line ကို ဂျပန်နိုင်ငံ၏ Naver Corporation ကုမ္ပဏီခွဲတစ်ခုအဖြစ် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည်။ Line ဆိုသည့် ဆိုရှယ်မီဒီယာထဲတွင် အချင်းချင်း ပုံတွေကို Share လုပ်နိုင်သည်၊ စာတွေပို့၊ ဗီဒီယိုဖိုင်သာမက အသံဖိုင်တွေလည်း ပို့နိုင်သည်။ အချင်းချင်းလည်း ရုပ်မြင်သံကြား စကားတွေ အပြန်အလှန်ပြောနိုင်စေရန် စီစဉ်ပေးထားသည်။ VoIP စနစ်ဖြင့် Line ထဲတွင် ဆက်သွယ်နိုင်သဖြင့် လူငယ်များ ပိုပြီး စိတ်ဝင်စားကြသည်။

Line ကို ဂျပန်နိုင်ငံမှ ၂၀၁၁ ခုနှစ်တွင် စတင်လွှင့်တင်သည်။ ၁၈ လအတွင်း သုံးစွဲသူ သန်း ၁၀၀ ဖြစ်သွားသည်။ နောက် ၆ လအကြာတွင် သန်း ၂၀၀ ဖြစ် သွားသည်အထိ လူကြိုက်များခဲ့ရပြန်သည်။ Hae Jin Lee သည် Forbes ၏ အဆင့်သတ်မှတ်ချက်တွင် တောင်ကိုရီးယား အချမ်းသာဆုံး အယောက် ၅၀ စာရင်းဝင်သည်။ သူ့အဆင့်က ၃၄ ဖြစ်ပြီး ချမ်းသာကြွယ်ဝမှုမှာ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံဖြစ်သည်။

E-01