News

POST TYPE

YOUTH

ဈေးရောင်းရာမှ သူဌေးဖြစ်လာသူ
12-May-2018



ဂါဘီကော့သည် Chroma Stationary ဆိုသည့် လုပ်ငန်းကြီးကို ဦးစီးလုပ်ကိုင် နေသူဖြစ်သော်လည်း အသက်က ၂၅ နှစ်သာရှိသေးသည်။ သူသည် ဖက်ရှင်ပရိုမိုရှင်း ဘာသာရပ်ကို တက်ရောက်သင်ကြားနေစဉ် နောက်ဆုံးနှစ်၌ သူတင်သွင်းမည့်စာတမ်းအတွက် လက်တွေ့အနေနှင့် ရုံးသုံး၊ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ ပစ္စည်းလေးများကို လိုက်ဖြန့်ရသည်။ 

နောက်ဆုံးနှစ်အတွက် သူလုပ်နေသည့် ပရောဂျက်က ပြီးသွားကာ ဘွဲ့ရသွားသော်လည်း သူတစ်အိမ်တက်ဆင်း စာတမ်းပြုစုရန် လိုက်ရောင်းသည့် စာရေးကိရိယာပစ္စည်းလေးတွေကို သူကဆက်ပြီးသဘောကျနေရာက စိတ်ကူးတစ်ခုရလိုက်သည်။ 

သူက လန်ဒန်မြို့ပြင်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။ သူကျောင်းတက်နေစဉ်ကတည်းက အလုပ်လုပ်ပြီး ကျောင်းတက်သည်။ ကျောင်းပြီးတော့လည်း အလုပ်သင်အဖြစ် ကုမ္ပဏီတစ်ခုတွင် ဝင်လုပ်နေသည်။ သို့သော် သူက စာရေးကိရိယာပစ္စည်းတွေ ရောင်းချရခြင်းကို သဘောကျပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် Chroma Stationary ဆိုင်လေးကို ဖွင့်လှစ်ကာ ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

သူ့ဆုံးဖြတ်ချက်နှင့် ရွေးချယ်ခဲ့သည့် လမ်းကြောင်း မှန်သွားသည်ဟု ဆိုရမည်။ သုံးလအတွင်း သူ လုပ်ကိုင်နေသည့်လုပ်ငန်းက အကျိုးအမြတ်တွေရလာသည်။ ၁၈ လအတွင်း ချေးငှားထားသည့် အကြွေးတွေအားလုံး ကျေသွားသည်။ 

သူက အွန်လိုင်းကတစ်ဆင့် B2C နှင့် B2B သဘောတရားများကို အကောင်အထည်ဖော်ပြီး သုံးစွဲသူများထံ တိုက်ရိုက်ပို့ပေးနိုင်ရန် ကြိုးစားသည်။ နောက်ပိုင်း Chroma Stationary ဆိုင်က နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ဖောက်သည်များကို ဝန်ဆောင်မှုပေးနေရသည်။ တစ်ကြိမ်မှာလျှင် ပစ္စည်းအမျိုးအစားပေါင်း ၁၀ မျိုးမှ ၅၀၀၀ အထိ အမှာများရလာသည်အထိ အောင်မြင်ခဲ့သည်။

မှတ်စုစာအုပ်များ၊ ဒိုင်ယာရီများ၊ ဖောင်တိန်နှင့် ဘောပင်များကို ဆိုရှယ်မီဒီယာများကတစ်ဆင့် ကြော်ငြာသည်။ အွန်လိုင်းကတစ်ဆင့် ပရိုမိုးရှင်းလုပ်နေသဖြင့် လူသိလည်းများလာသည်။ 

Chroma က ထုတ်သည့် မှတ်စုစာအုပ်များကို ဆိုရှယ်မီဒီယာတွင် သုံးစွဲသူတိုင်းက တစ်ဆင့်စကားပါးလာကြသဖြင့် နာမည်ကောင်းလည်းရလာသည်။ YouTube တွင်  Chroma ဒိုင်ယာရီကိုကြော်ငြာရာ Follower ပေါင်း ၁၁ သန်းအထိရခဲ့သည်။ ကော့တစ်ယောက် စီးပွားရေးလုပ်ငန်းတွင် အထွတ်အထိပ်ရောက်လာပြီဟု ဆိုရမည်။

ကော့သည် သူ့အဖွဲ့ကို ထပ်မံတိုးချဲ့သည်။ အွန်လိုင်းဆိုရှယ်မီဒီယာများတွင် သူ့ကုန်ပစ္စည်း ကြော်ငြာမည့်သူများကို ခန့်ထားနိုင်သည်။ စာရေးကိရိယာပစ္စည်းဆိုလျှင် Chroma ကိုဝယ်ရမည်ဆိုသည့် အသိအမြင်အတွေးများရစေရန် သူက စာရေးဆရာသုံးယောက်ကို ခန့်ထားပြီး အွန်လိုင်းကို ထိုးဖောက်နေသည်။ ဆိုရှယ်မီဒီယာကြောင့် ချမ်းသာလာသူ လူငယ်များထဲတွင် သူလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

E-01

(Ref: Young entrepreneurs)