News

POST TYPE

YOUTH

လူငယ် အွန်ထရယ်ပရယ်နား သူဌေးများ
28-Apr-2018 tagged as



စာရေးဆရာ ထရိန်နာ

သူ့အမည်က အဲလစ်လစ်ဗင်းဖြစ်သည်။ အသက်က ၂၄ နှစ်ရှိပြီ။ သူ့ကို အသန့်စားအဲလစ်ဟုလည်း ခေါ် ကြသည်။ စပယ်ရှယ်ထရိန်နာ (ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် သီးသန့်ကျန်းမာရေးလေ့ကျင့်ပေးသူ) အဖြစ် ထင်ရှားသည်။

သူသည် အစောပိုင်းက အစားမရှောင် အကုန်စားသည်။ အသားအရေကိုလည်း မထိန်းသိမ်းဖြစ်သလို နေသည်။ သူ၏ဖြစ်သလိုစားသောက်နေထိုင်မှုကြောင့် ကိုယ်ခန္ဓာအချိုးအစားကလည်း မလှမပဖြစ်နေသည်။ နောက်ဆုံးအစားအသောက်ကို ဆင်ခြင်စားသောက် ရန်ဆုံးဖြတ်သလို ဝိတ်လည်းလျှော့နိုင်ရန် ကြိုးစားသည်။ သူ့ကိုယ်ခန္ဓာကို လုံးဝပြောင်းလဲသွားစေရန် ကြိုးစားလုပ်ဆောင်ခဲ့သည်။

သူနေထိုင်ရာ ဘက်ကင်ဟမ်ရှိုင်းယားဒေသတွင် စားသောက်နေထိုင်သည့် အလေ့အထတွေက ကိုယ်အလေးချိန်လျှော့ချရန် မဖြစ်နိုင်ကြောင်း သူ ကောင်းကောင်းသဘောပေါက်လာသည်။ ထို့ကြောင့် သူ မည်သို့စားသောက်နေထိုင်ပြီး ဝိတ်ချနေကြောင်းကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် Instagram က တစ်ဆင့် ပုံတွေ အညွှန်းတွေ တင်သည်။ 

သူတီထွင်စားသောက်နေသည့် အစားအသောက်များနှင့်ပတ်သက်ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ဝေဖန်မှုတွေ ဖတ်သူတွေ များလာသည်။ သူက သူစားသောက်နေသည့် အစားအစာများကို “သန့်ရှင်းသော အစားအစာများ” ဟု ခေါင်းစဉ်တပ်လိုက်သည်။ အားကစားခန်းမတစ်ခုနှင့်လည်း ချိတ်လိုက်ပြီး လေ့ကျင့်ရေးလမ်းညွှန်တွေပါ ထုတ်လိုက်ရာ အောင်မြင်သွားပြန်သည်။ 

သူကိုယ်တိုင် ဝိတ်လည်းကျ အချိုးအစားကလည်း ကြည့်နေရင်းလှနေသဖြင့် လက်တွေ့အကောင်အထည်ဖော်ပြပြီးသားဖြစ်နေသည်။ သူ့ကိုကြည့်ပြီး အားကစားခန်းများတွင် လာရောက်ကစားလိုသူတွေ တိုးလာသည်။ သူ့နည်းအတိုင်း ကစားလို၊ စားလိုသူတွေလည်း များလာပြီး နာမည်ကျော်လာရတော့သည်။

ယခုဆိုလျှင် Instagram ပေါ်တွင် သူ့ Follower ပေါင်း ၆၃၆,၀၀၀ ခန့်ရှိလာသည်။ သူ့လေ့ကျင့်ပုံ စားပုံတွေကို ဆိုရှယ်မီဒီယာပေါ် ပုံတွေတင်ရင်းကသူ့ကို အားကစားနှင့် အစားအသောက် ကျွမ်းကျင်သူအဖြစ် သတ်မှတ်လက်ခံလာကြသည်။ 

အဲလစ်ကိုယ်တိုင် စားနည်း၊ လေ့ကျင့်နည်း စာအုပ်ပေါင်းသုံးအုပ်ကိုလည်း ရေးသားထုတ်ဝေပြီး ဖြစ်သည်။ ထိပ်တန်းရောင်းအကောင်းဆုံးစာရင်းဝင် ဖြစ်ခဲ့သည်။ Primark ဆိုသည့် အားကစားခန်းမ တစ်ခုနှင့်ဆက်သွယ်ပြီး မျက်နှာ၊ ကိုယ်ခန္ဓာအလှဆင်ပြုပြင်ခြင်း၊ အားကစားအဝတ်အစားများ ရောင်းချခြင်းလုပ်ငန်းများကို လုပ်ဆောင်နေသည်။ 

အဲလစ်သည် ကျန်းမာရေးဆိုင်ရာ မဂ္ဂဇင်းများတွင်လည်း ပင်တိုင်ဆောင်းပါးရှင်ဖြစ်လာသည်။ ဝင်ငွေအလွန်ကောင်းပြီး ချမ်းသာသူများအတွက်လည်း ပါစင်နယ်ထရိန်နာအဖြစ် လုပ်ဆောင်ပေးကာ ကျန်းမာရေးလောကတွင် ထင်ရှားသူတစ်ဦး ဖြစ်လာခဲ့ရသည်။

E-01

  • TAGS