News

POST TYPE

YOUTH

ဘဝကို ကြိုးစားတည်ဆောက်ခဲ့ကြသော အိုးမဲ့အိမ်မဲ့များ
17-Mar-2018 tagged as

အမန်ဒါ ရစ်ချာ (Amanda Richer)



အမန်ဒါသည် ဦးခေါင်းကို အကြီးအကျယ် ထိခိုက်ဒဏ်ရာရခဲ့သည်။ ဦးခေါင်း ဒဏ်ရာပျောက်သော်လည်း နာတာရှည်ဝေဒနာခံစားရပြီး မသန်စွမ်းသူဘဝနှင့် နေထိုင်ခဲ့ရရှာသည်။ အလုပ်လည်းမရှိတော့။ အလုပ်မရှိသောကြောင့် အိမ်ခန်းကလည်း ဖယ်ပေးလိုက်ရသည်။ ဆီရက်တဲမြို့ရှိ တံတားတစ်ခုအောက်တွင် ယာယီတဲလေးတစ်လုံးနှင့် သွားနေထိုင်ခဲ့ရသည်။

ရစ်ချာသည် ဒေသခံအိုးမဲ့အိမ်မဲ့အဖွဲ့အစည်းကို သွားရောက်ဆက်သွယ်သည်။ ထိုအဖွဲ့အစည်းတွင် မီးဖိုချောင်ထဲ တောက်တိုမည်ရ လျှောက်လုပ်ပေးရင်းက အခမဲ့စားသောက်ခွင့်ရသည်။ ထိုအချိန်တွင် မာ့ခ်ဟောဗတ်ဆိုသူနှင့် သွားတွေ့သည်။ မာ့ခ်က အန်ဂျီအို အဖွဲ့အစည်းတစ်ခုဖြစ်သည့် Invisible People တွင် အလုပ်လုပ်သည်။ သူက အိုးမဲ့အိမ်မဲ့များကို အင်တာဗျူးပြီး YouTube ပေါ်တွင် လွှင့်တင်ပေးနေသူဖြစ်သည်။ မာ့ခ်က ရစ်ချာကို အင်တာဗျူးသည်။ ပြုံးရွှင်စွာဖြင့် ရစ်ချာကလည်း သူမေးသမျှ ပြန်ဖြေသည်။

သူတို့အင်တာဗျူးစဉ်တွင် မာ့ခ်ကသူ့ကို အိုးမဲ့အိမ်မဲ့တစ်ဦးအဖြစ် နေထိုင်ရသော်လည်း ဘဝကို အဘယ်ကြောင့် အကောင်းမြင်နိုင်ရသနည်းဟု မေးလိုက်သည်။ ရစ်ချာက -

“ရှင်လည်း တစ်နေ့ ဒီလိုအဖြစ်မျိုးကို ကြုံလာနိုင်တာပဲ။ လူတစ်ယောက်ဆိုရင် ကြံ့ကြံ့ခံနိုင်ရမှာပေါ့။ ရှင်က ရုပ်ဝတ္ထုပစ္စည်းမှမဟုတ်တာ။ ရှင့်ကို ဘယ်လောက်ဝေးဝေး ကန်ထုတ်လိုက်သည်ဖြစ်စေ ရှင်ဟာ လူဖြစ်နေလို့ ကြံ့ကြံ့ခံနိုင်ရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ရှင့်ကို ဘယ်သူမှ လာကယ်မှာမဟုတ်ဘူးလေ။ လောကမှာ ဖြစ်သမျှအကြောင်း အကောင်းဆုံးရင်ဆိုင်နိုင်အောင် ကြိုးစားရမှာပေါ့ရှင်”

သူ့အင်တာဗျူးကို မာ့ခ်ကအွန်လိုင်းပေါ်တင်ပေး လိုက်သည်။ မာ့ခ်က ရစ်ချာအတွက်လည်း GoFundMe ဆိုသည့် Account တစ်ခု ဖွင့်ပေးလိုက်သည်။ သူ့ကို လူတွေက သနားပြီး ဝိုင်းဝန်းထောက်ပံ့ကြသည်။ နောက်ဆုံး ရစ်ချာတစ်ယောက် တိုက်ခန်းတစ်ခန်း နေထိုင်စရာရသွားသည်။ မာ့ခ်နှင့် နောက်ဆက်တွဲ ဗီဒီယိုတွေ ထပ်ရိုက်ပြီး ထုတ်လွှင့်သေးသည်။ သူက ဖြစ်သမျှအကြောင်း အကောင်းဆုံးရင်ဆိုင်ပြီး ရပ်တည်နေဆဲဖြစ်သည်။

E-01

  • TAGS