News

POST TYPE

YOUTH

ဘဝကို ကြိုးစားတည်ဆောက်ခဲ့ကြသော အိုးမဲ့အိမ်မဲ့များ
17-Mar-2018 tagged as

အီလီယာ အာနိုး (Elijah Arnold)



၂၀၁၇ ခုနှစ် အောက်တိုဘာလက ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့ IHOP ဆိုင်အတွင်းသို့ လက်နက်ကိုင်သေနတ်သမားတစ်ယောက် ဝင်လာသည်။ သူက သေနတ်ကို လေထဲနှစ်ချက်ထောင်ဖောက်လိုက်သည်။ သူ့ကိုဖမ်းရန် ကြိုးစားသူအားလုံးကိုလည်း သေနတ်နှင့်ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြန်သည်။ သူက ဆိုင်အတွင်းရှိ ပိုက်ဆံထည့်ထားသည့်အံဆွဲကို သံတူးရွင်းနဲ့ ကလန့်ပြီး ဖွင့်လိုက်သည်။ ထိုအချိန်တွင် သူ့လက်ထဲ၌ သေနတ်မကိုင်ထားချိန်ဖြစ်သည်။

ဆိုင်လုပ်သားလေးတစ်ဦးဖြစ်သူ အသက် ၂၂ နှစ် အရွယ်ရှိ အီလီယာအာနိုးသည် ထိုအကွက်ကို ခြောင်းနေရာမှ ဓားပြ၏ခြေထောက်များကို ဖမ်းချုပ်ပြီး လှဲချလိုက်သည်။ ဓားပြက အာနိုးကို လက်ထဲရှိ သံတူးရွင်းနှင့် မျက်နှာကိုရိုက်သည်။ အာနိုးနှာခေါင်းကျိုးသွားသည်။ သွေးတွေလည်း ထွက်လာသည်။ အာနိုးသည် ကရာတေးတွင် ခါးပတ်နက်အဆင့်ရထားသူဖြစ်သည်။ သူက ရဲတွေရောက်လာချိန်အထိ ဓားပြကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ 

သူသည် တစ်နာရီမှ နှစ်ဒေါ်လာခွဲခန့်သာရသည့် အလုပ်သမားလေးဖြစ်သည်။ သူ့အသက်ကို ပမာမထားဘဲ ဓားပြကိုဝင်လုံးပြီး ထိန်းချုပ်ထားရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သူက Walmart ဆိုင်ကြီးဘေးနားတွင် ထိုးထားသည့် ကားစုတ်ထဲတွင်နေထိုင်ပြီး အလုပ်ဆင်းနေရသူလည်းဖြစ်သည်။

သူ့အသက်ကိုစွန့်ပြီး ဆိုင်ထဲမှလူများကို ကယ်တင်နိုင်ခဲ့သောကြောင့် ထိုနေ့ကစပြီး မျက်နှာပွင့်လာသည်။ သူ့ကို ဈေးလာဝယ်သူတွေက ပိုက်ဆံ၊ လက်ဆောင်ကတ်နှင့် ဈေးဝယ်ခွင့်တိုကင်တွေ ပေးကြသည်။ သူ့ကို ဒေသရုပ်သံအစီအစဉ်တစ်ခုက အင်တာဗျူးပြီး ထုတ်လွှင့်သည်။ သူ၏ရဲရင့်မှုကို ဂုဏ်ပြုခြင်းဖြစ်သည်။ သူ့ကို မြို့တော်ကလည်း ဒေါ်လာ ၁၀၀၀ ဆုချီးမြှင့်သည်။ ယခုတော့ အာနိုးတစ်ယောက် ကားစုတ်ထဲတွင် မနေရတော့။ အိမ်ခန်းတစ်ခန်း ငှားနေနိုင်ပြီဖြစ်သည်။

E-01

  • TAGS