POST TYPE

YOUTH

၂၀၁၇ခုနှစ်၏ အထင်ကရ စွန့်ဦးလူငယ် သူဌေးလေး (Alfie Deyes)
13-Jan-2018

Alfie Deyes

သူ့အမည်က အယ်လ်ဖီဒီးရက်စ် (Alfie Deyes) ဖြစ်သည်။ YouTube ပေါ်တွင် ဗီဒီယိုများတင်နေသည့် blogger (vlogger) တစ်ဦးအဖြစ် ခံယူထားသည်။ သူက အွန်လိုင်းပေါ်တွင် PointlessBlog ဆိုသည့် ကုမ္ပဏီတစ်ခုကို ထူထောင်ထားပြီး သူ့နယ်ပယ်ကို အစွန်းကုန်ချဲ့ထွင် တည်ဆောက်နေသူ တစ်ဦးလည်းဖြစ်သည်။ 

သူက YouTube ပေါ်တွင် PointlessBlog ဆိုသည့် ရုပ်သံလိုင်းတစ်ခုကို ၂၀၀၉ ခုနှစ်တွင် စတင်ထူထောင်လိုက်သည်။ ထိုစဉ်က သူသည် ကျောင်းတက်နေဆဲဖြစ်သည်။ YouTube ပေါ်တွင် Channel များကိုထူထောင်ပြီး ဗီဒီယိုများကို တစ်ဦးတည်း ထုတ်လွှင့်နေရင်းက သူ့ Channel များတွင် ဝင်ကြည့်ရန် ငွေပေးပြီး အဖွဲ့ဝင်ထားသူပေါင်းက ၅ သန်းကျော်ဖြစ်လာသည်။ 

သူတီထွင်တင်ဆက်နေသည့် PointlessBlogGames နှင့် PointlessBlogVlogs လိုင်းများတွင်လည်း ၁ သန်းမှ ၃ သန်းကျော်အထိ အဖွဲ့ဝင်ဦးရေ များလာသည်။ သူ၏ PointlessBlog တွင် ပါဝင်သည့် အကြောင်းအရာတွေက လူငယ်တွေ အကြိုက်များလာသည်။ အထူးသဖြင့် ဂိမ်းကစားသူတွေဖြစ်သည်။ 

သူ၏ Facebook စာမျက်နှာတွင်လည်း သူ၏မိတ်ဆွေ (Fan) ပေါင်းက ၁ ဒသမ ၅ သန်းကျော် ဖြစ်လာသည်။ Instagram တွင်လည်း သူ့ကို (Fallower) လုပ်ထားသူပေါင်းမှာ ၅ သန်းကျော်ရှိသည်။

ဒစ်ဂျစ်တယ်ခေတ်၏ အွန်လိုင်းကို အသုံးချပြီး စွန့်ဦးစွမ်းဆောင်ရှင်လေး တစ်ယောက်ဘဝ ရောက်မှန်းမသိ ရောက်လာသည်။ သူက စာအုပ်နှစ်အုပ် ထုတ်လိုက်သည်။ အွန်လိုင်းပေါ်တွင် Download ရယူနိုင်သည့် အကြောင်းအရာများကို ညွှန်းထားသည်။ ထို အညွှန်းလိုင်းများကို သူ၏ PointlessBlog ပေါ်တွင်လည်း တင်ပေးထားသည်။ မည်သည့်နေရာများတွင် ဘာတွေဝယ်နိုင်သည်ဆိုသော အညွှန်းတွေကိုလည်း ရနိုင်သည်။

၂၀၁၅ စက်တင်ဘာလတွင် မဒမ်တူးဆော့ပြတိုက်ကြီးက ဒီးရပ်စ်၏ ဖယောင်းရုပ်တုကို ဂုဏ်ပြုပြီး ပြသပေးထားသည်အထိ အောင်မြင်ခဲ့သည်။ You Tube ကို ဆန်းစစ်ဝေဖန်နေသော Social Blade က ဒီးရပ်စ်သည် သူလုပ်ဆောင်ပေးနေသည့် Channel များအတွက် တစ်နှစ်လျှင် စတာလင်ပေါင် ၁ သန်းခန့် အကျိုးအမြတ်ရနေသည်ဟု ထောက်ပြထားသည်။ ဒီးရပ်စ်က မိသားစုကိုင် ဗီဒီယိုကင်မရာလေး တစ်လုံးကိုင်ပြီး အားလပ်ရက်များတွင် လျှောက်သွားကာ သူ့ဘဝအကြောင်းကို ထုတ်လွှင့်မှုများ လုပ်နေပြန်သည်။ 

သူက “2017 vlogs are going to be the most fun to date” ဆိုသည့် တတိယစာအုပ်ကို ထုတ်ရန်လည်း ပြင်ဆင်နေသည်။ သူ့ကို အင်တာနက်၏ အကောင်းဆုံး လုပ်ငန်းစွမ်းဆောင်ရှင်အဖြစ် သတ်မှတ်ထားကြသည်။                                     

E-01