POST TYPE

YOUTH

အွန်လိုင်းပေါ်မှာ လူငယ်များ လေ့လာပညာရှာစရာများ
26-Nov-2017


အွန်လိုင်းပညာ သင်ယူမှုများသည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများတွင် ခေတ်စားလာသည်။ အွန်လိုင်းပေါ်တွင် လူငယ်များအတွက် လေ့လာ၍ မကုန်နိုင်လောက်အောင် ပညာရပ်တွေ ရှိနေပါသည်။ ပညာရေး မဝေးပါ။ အိမ်တွင်ထိုင်ကာ၊ အလုပ်နားချိန်မှာ၊ စာသင်နားချိန်မှာ ပညာရှာနိုင်သည့် နည်းလမ်းပေါင်း များစွာ ရှိနေသည်ကို သတိထားစေလိုပါသည်။

ယခုဖော်ပြမည့် အွန်လိုင်းပေါ်မှ ပညာပေး အစီအစဉ်များသည် လွယ်ကူစွာ လေ့လာနိုင်သည့်အပြင် အချိန်မရွေး၊ နေရာမရွေး လေ့လာသင်ယူနိုင်သော Site များလည်းဖြစ်ပါသည်။ ကိုယ်တိုင်လေ့လာ ပညာရှာရန် အကောင်းဆုံး Site များဟု ဆိုချင်ပါသည်။ 

ဖော်ပြထားသည့် Site များတွင် သင်ခန်းစာများကို အခမဲ့ လေ့လာနိုင်ပါသည်။ အချို့သော ပညာရပ်များတွင် ဘွဲ့လက်မှတ် သို့မဟုတ် အသိအမှတ်ပြု လက်မှတ် တစ်ခုခု ယူမည်ဆိုမှ ငွေကြေး အနည်းငယ် ထပ်သွင်းပေးရသည်များ ရှိနိုင်သည်။ အချို့သော Site များတွင် တက္ကသိုလ်၊ ကောလိပ်များ၌ သင်ယူခြင်း မပြုနိုင်သည့် ပညာရပ်များကိုလည်း လေ့လာနိုင်သည်။ အချို့ တက္ကသိုလ် ကောလိပ်သင်ရိုးအတိုင်း ပို့ချသင်ပေးနေသည်လည်း ရှိနိုင်သည်။ မည်သို့ဆိုစေ ပညာရှာဖွေလိုသူများအတွက် အင်တာနက် ဆိုသည်မှာ တန်ဖိုးမဖြတ်နိုင်သည့် နေရာတစ်နေရာအဖြစ် မှတ်ယူပြီး ပညာရှာတတ်ရန်လိုသည်။ 

အနုပညာနှင့် ဂီတလေ့လာလိုသူများအတွက် 
Dave Conservatorie (http://daveconservatoire. org/)

Dave Conservatoire သည် အွန်လိုင်းပေါ်မှ ဂီတပညာသင်ကျောင်းဟု ဆိုနိုင်သည်။ လူတိုင်းအတွက် ကမ္ဘာ့ဂီတပညာပေး Site တစ်ခုဖြစ်သည်။ ဗီဒီယို သင်ခန်းစာများနှင့် လက်တွေ့ လေ့ကျင့်မှုများကို စီစဉ်ပေးထားသည်။

Drawspace (http://drawspace.com/)

ပုံဆွဲခြင်းပညာကို လေ့လာချင်လျှင် သို့မဟုတ် ပုံဆွဲနည်းစနစ်များကို ကျနစွာ လေ့လာလိုလျှင် ဝင်ရောက် လေ့လာသင့်ပါသည်။ အခမဲ့ သင်ခန်းများဖြစ်သည်။ ဆရာက နည်းပေးညွှန်ပြမှုများကို လက်တွေ့ကျကျ လေ့လာသင်ယူနိုင်သည်။

Justin Guitar (http://justinguitar.com/)

ဂစ်တာ သင်ချင်သူများအတွက် အခမဲ့ ဂစ်တာ သင်ခန်းစာပေါင်း ၈၀ဝ ကျော်ကို ထည့်သွင်းပေးထားသည်။ ကူးမှတ်ထားခြင်း၊ လိုက်တီးခြင်း၊ ကော့ဒ်များကို လေ့လာခြင်း၊ နားထောင် မှတ်သားခြင်း စသည့် ဂစ်တာနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သော အကြောင်းအရာများကို စနစ်တကျ ပို့ချထားသည်။ စာအုပ်များ၊ e-Book နှင့် DVD များကိုလည်း Download ချယူနိုင်သည်။

သင်္ချာ၊ သိပ္ပံနှင့် အင်ဂျင်နီယာ

Codecademy (http://www.codecademy.com/)

Data Science နှင့် ဆော့ဖ်ဝဲ Programming ဆိုင်ရာ သင်ခန်းစာတို့ကို ဖော်ပြထားသည်။ များသောအားဖြင့် Web နှင့်ပတ်သက်သည့် လေ့ကျင့်ခန်းများ ဖြစ်သည်။ အသက်အရွယ် အပိုင်းအခြားအလိုက် ခွဲခြား လေ့လာနိုင်သည်။

Stanford Engineering Everywhere (http://see.stanford.edu/default.aspx)

SEE ဟုခေါ်သည့် ထို Site တွင် ဆော့ဖ်ဝဲဆိုင် ရာဘာသာရပ်များကို ကျောင်းသားများသာမက ပညာ ရှင်များပါ လေ့လာနိုင်စေရန် စီစဉ်ပေးထားသည်။ အခမဲ့ လေ့လာနိုင်သည်။ သင်ခန်းစာများကို စီစဉ်ထားပြီး ဗီဒီယိုနှင့် သင်ပေးထားသည့် အစီအစဉ်များလည်း ရှိသည်။ အိမ်စာနှင့် စာမေးပွဲ အစီအစဉ်များလည်း ပါဝင် ထည့်သွင်းပေးထားသည်။ 

Big Data University (http://bigdatauniversity.com/)

Data Analysis နှင့် Data Science ပညာရပ်များကို အခမဲ့ လေ့လာနိုင်သည်။ ဆရာများနှင့် ပရော်ဖက်ရှင်နယ်သမားများအတွက်လည်း အခပေး အဆင့်မြင့် သင်ကြားမှုများ ရှိသည်။

Better Explained (http://betterexplained.com/)

သင်္ချာပညာကို ပထမဆုံး ပုံလေးများဖြင့် စတင် လေ့လာနိုင်စေရန် စီစဉ်ပေးထားသည်။ ပုံလေးတွေ ထွက်လာပြီး ရှင်းပြချက်များကိုလည်း တွေ့ရမည်။ အထက်တန်းအဆင့် Algebra အပြင် ကောလိပ်အဆင့် Calculus, Statistics နှင့် အခြားဆက်စပ်နေသော ပညာရပ်များကိုပါ လေ့လာနိုင်သည်။

ဒီဇိုင်းနှင့် Web Design/ Development HOW Design University (http://howdesignuniversity.com/)

HOW U ဟု အတိုကောက် ခေါ်သည်။ အခမဲ့ အွန်လိုင်း သင်ခန်းစာများကို တင်ထားပေးသည်။ ဂရပ်ဖစ်နှင့် Interactive Design ပညာရပ်များကို လေ့လာနိုင်သည်။ အထူးသဖြင့် ဆရာလုပ်စားချင်သူများအတွက် လေ့လာရန် အကောင်းဆုံး Site ဖြစ်သည်။

HTML Dog (http://htmldog.com/)

Web Development ပိုင်းဆိုင်ရာအတွက် HTML tutorial များနှင့် HTML tutorial ကုတ်ရေးနည်းများကို ဖော်ပြထားသည်။

Skillcrush (http://skillcrush.com/)

Web Design ကို ပရော်ဖက်ရှင်နယ်အဖြစ် ရေးဆွဲလိုသူများအတွက် အထူး စီစဉ်ပေးထားသော Site ဖြစ်သည်။ အဆင့်မြင့် Course များကို ဖော်ပြထားပြီး နောက်ခံ အကြောင်းအရာများနှင့်ပါ အသေးစိတ် ရှင်းလင်းဖော်ပြထားသည်။ လိုရင်းတိုရှင်း ဖော်ပြချက်လေးများကြောင့် မှတ်သားရ လွယ်ကူသည်။ 3-month Career Blueprints အစီအစဉ်က လုပ်ငန်းခွင်ဝင်လိုသည့် လူငယ်များကို အထောက်အကူ ပြုနိုင်ပါလိမ့်မည်။

Hack Design (http://hackdesign.org/)

ကမ္ဘာပေါ်ရှိ နာမည်ကျော် Designer များ၏ Hack Design များအပြင် သင်ခန်းစာ ယူနစ်ပေါင်း ၅၀ ကိုလည်း ပူးတွဲထည့်သွင်းပေးထားသည်။ သင်ခန်း စာယူနစ်တစ်ခုတိုင်းတွင် ဗီဒီယိုသင်ခန်းစာ ရှင်းလင်း ချက်များ၊ ဆောင်းပါးဖော်ပြချက်များ ပူးတွဲပါသည်။ Blogs, Books, Games, Videos, and Tutorial ပေါင်း များစွာ ပါဝင်ပြီး အခမဲ့ လေ့လာ သင်ယူနိုင်သည်။ 

ကလေးများနှင့် လူကြီးများအတွက် အထွေထွေ လေ့လာစရာ
Scratch – Imagine, Program, Share (http://scratch.mit.edu/)

လေ့လာစူးစမ်းချင်သည့် ကလေးများအတွက် Solar System ပိုင်းဆိုင်ရာ ပရောဂျက်ပေါင်း များစွာကို ထည့်သွင်းပေးထားသည်။ စက္ကူ လေယာဉ်လုပ်နည်းမှသည် ဂီတအထိ လေ့လာစရာတွေ များသည်။

Udemy (https://www.udemy.com/)

Personal Development, Design, Marketing, Lifestyle, Photography, Software, Health, Music, Language ဆိုသည့် ဗီဒီယို Tutorial ပေါင်း များစွာ ထည့်သွင်းပေးထားသည်။ သို့သော် အခပေး အစီအစဉ်တွေက များသည်။

E-learning for kids (http://www.e-learningforkids.org/)

အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် မူလတန်းနှင့် အလယ်တန်းကျောင်းသားများအတွက် ရည်စူးထားသည်။ Math, Science, Computer, Environment, Health, Language, Life Skills စသည့် ပညာရပ်များကို လေ့လာနိုင်သည်။

Ed2go (http://ed2go.com/)

လူငယ်များအတွက် ရည်စူးပြီး စီစဉ်ပေးထားခြင်းဖြစ်ပြီး အွန်လိုင်း သင်ခန်းစာများကို သီးခြားလိုင်းတစ်ခုဖွင့်ကာ သင်ကြားပေးနေခြင်းဖြစ်သည်။ ကောလိပ်နှင့် တက္ကသိုလ်ပေါင်း ၂၁၀ဝ ကျော်က ဆရာများ၏ ပို့ချချက်များကို စုစည်းပေးထားသည်။ ဘာသာရပ် သင်ခန်းစာတွေက အကြောင်းအရာ အမျိုးမျိုးဖြစ်သည်။ ကိုယ်ကြိုက်သည့်ဆရာကို ရွေးချယ်ကာ လေ့လာနိုင်သည်။

GCF Learn Free (http://gcflearnfree.org/)

Goodwill Community Foundation and Goodwill Industries တို့၏ ပရောဂျက်နှင့် စီစဉ်ပေးထားခြင်းဖြစ်သည်။ Technology, Computer Software, Reading, Math, Work and Career ပိုင်းဆိုင်ရာ သင်ခန်းစာပေါင်း ၁၀ဝ၀ ကျော်နှင့် Tutorial ပေါင်း ၁၂၅ ခုကို အွန်လိုင်းကတစ်ဆင့် လေ့လာနိုင်စေရန် စီစဉ်ပေးထားသည်။ အားလုံး အခမဲ့ဖြစ်သည်။

Stack Exchange (http://stackexchange.com/)

ကွန်ပျူတာ နည်းပညာဆိုင်ရာ အကြောင်းအရာများကို Q+A အနေဖြင့် အမေးအဖြေနှင့် စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။ အကြောင်းအရာ တစ်ခုကို မေးခွန်းတစ်ခုသာ ဆိုသော်လည်း ပညာရှင်များအမြင်အပြင်၊ သာမန် ဖြေရှင်းနည်းတို့ကိုပါ စိတ်ဝင်စားဖွယ်ရာ လေ့လာနိုင်ကြရမည်။

HippoCampus (http://www.hippocampus.org/)

NROC Project, STEMbite, Khan Academy, NM State Learning Games Lab စသည့် အလယ်တန်းကျောင်း ၁၃ ကျောင်း၏ ပရောဂျက်များနှင့် ဆရာများ၏ သင်ခန်းစာများကို ဗီဒီယိုမှတ်တမ်းများနှင့်ပါ လေ့လာနိုင်ရန် စီစဉ်ပေးထားသည်။ အခမဲ့ လေ့လာနိုင်သည်။

Howcast (http://www.howcast.com/)

ဗီဒီယိုသင်ခန်းစာများနှင့် လေ့လာနိုင်သည်။ Lifestyle, Crafts, Cooking, Entertainment တို့ကို လေ့လာသင်ယူနိုင်ပါသည်။

Memrise (http://www.memrise.com/)

ဘာသာစကားနှင့် အခြားအကြောင်းအရာ ပေါင်းများစွာကို လေ့လာနိုင်သည်။ ပညာကို လေ့လာသင်ယူရာတွင် Gamification ဟုခေါ်သော ဂိမ်းကစားနည်းများဖြင့် ရယူနိုင်စေရန် စီစဉ်ပေးထားသည်။ ထို့ကြောင့် စိတ်ဝင်စားစွာဖြင့် လေ့လာအားကို တိုးပွားစေနိုင်သည်။

SchoolTube (http://www.schooltube.com/)

ဗီဒီယိုများကို Share လုပ်ပေးနိုင်ရန် စီစဉ်ထားသည့် Site တစ်ခုဖြစ်သည်။ K-12 အဆင့် ကျောင်းသားများနှင့် ဆရာများအတွက် အထူးစီစဉ်ပေးထားသည်။ ယခုအခါ ကျောင်းပေါင်း ၅၀ဝ၀ဝ ကျော်က ကျောင်းသားနှင့် ဆရာများ ဗီဒီယိုများကို Share ထားကြရာ ဗီဒီယိုပေါင်း သန်းဝက်ခန့်ရှိနေပြီဖြစ်သည်။ 

Instructables (http://instructables.com/)

နည်းပညာ၊ ဟင်းချက်နည်း၊ ကစားစရာလုပ် နည်း စသည်ဖြင့် လုပ်နည်းများကို စာတွေ့ လက်တွေ့ သင်ကြားပေးသည်။ DIY (do-it-yourself) အနေနှင့် လေ့လာသင်ယူနိုင်သည်။ များသောအားဖြင့် အိမ်တွင်းမှု တီထွင်ချက်လေးများကို အလွယ်ကူဆုံး လေ့လာနိုင်သည်။ 

E-01

  • VIA