News

22-Sep-2018 tagged as
နိုင်ငံ၏ စီးပွားရေးသည် ဆူပါပါဝါ အဆင့်ကို ရောက်လာကြောင်း မငြင်းနိုင်ပေ။ အာရှသားတွေ အလုပ်ကြိုးစားကြောင်း အားလုံးအသိအမှတ်ပြုကြသည်။ သို့သော် အနောက်နိုင်ငံသားတွေက တရုတ်လေးတွေ ကြိုးစားမှုကို ပိုပြီး အသိအမှတ်ပြုကြောင်းလည်းတွေ့ရသည်။ အဘယ်ကြောင့်နည်း။ တရုတ်များ၏ ကိုယ်ကျင့်တရားသည် သူတို့လေးစားယုံကြည်သည့် ကွန်ဖြူးရှပ်ဟုခေါ်သော အတွေးအခေါ်ပညာရှင်ကြီးနှင့်လည်း သက်ဆိုင်နေသည်။
22-Sep-2018 tagged as
ကိုယ်ကျင့်တရားဆိုသည်မှာ မိမိထံတွင်ရှိသော လုပ်ပိုင်ခွင့်ထက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်တတ်သည့် ကိုယ်တိုင်ကျင့်ရသော တရားကို ကိုယ်ကျင့်တရားဟု ဖွင့်ဆိုကြပါသည်။ အမှားနှင့် အမှန်ကို ကိုယ်တိုင်ပိုင်းဖြတ်ပြီး လုပ်ဆောင်နိုင်ခြင်းသည် ကိုယ်ကျင့်တရားဖြစ်သည်။ လူသားများဖြစ်နေသောကြောင့် လူ့လောက အဖွဲ့အစည်းအတွင်း နေထိုင်ရှင်သန်ခြင်းသည် လူသားပီသစွာဖြင့် အကောင်းဆုံးဖြစ်တည်ရပ်တည်နိုင်ရန် ကြိုးပမ်းကျင့်ကြံနေထိုင်ခြင်းကိုလည်း ကိုယ်ကျင့်တရားဟု ဆိုပါသည်။
22-Sep-2018 tagged as
ဆရာကြီးပြောချင်တာက လူဆိုတာ တစ်ဦးတည်း ရပ်တည်လို့မရဘူးဆိုတာကို ပြောချင်တာ။ ဒါပေမဲ့ လက်တွဲခေါ်ခြင်းဟာ အကောင်းဆုံး မြေတောင်မြှောက်ပေးတာပဲဆိုတဲ့ သဘောတရားကိုလည်း ဖော်ဆောင်သွားတယ်။
22-Sep-2018 tagged as
“ဒီနေ့ခေတ်လူငယ်တွေကတော့ အထူးတွေချည်းပဲ။ သူတို့က ခေတ်သစ်မှာ သတင်းခေါင်းကြီးတွေအဖြစ် ဖော်ပြနေကြတဲ့ စစ်ပွဲတွေကိုလည်း စိတ်မဝင်စားတော့ဘူး။ သူတို့အခွင့်အလမ်းတွေကို အင်တာနက်ပေါ်မှာရှာမယ်။ ညစ်ညမ်းပုံတွေကြည့်ချင်ကြည့်မယ်။ သူတို့ထင်တာ သူတို့လုပ်တယ်”ဟု သုံးသပ်ဝေဖန်မှု ပြုသွားသည်ကို ဆင်ခြင်ကြည့်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ မျိုးဆက်သစ်တို့သည် အထိန်းချုပ်ခံမည့်သူများ မဟုတ်တော့ခြင်းဖြစ်သည်။
15-Sep-2018 tagged as
ခေါင်းဆောင်မှုအဖွဲ့သည် စီနီယာမန်နေဂျာကြီးများ သို့မဟုတ် ဌာနခွဲခေါင်းဆောင်များဖြစ်သင့်ပြီး၊ ခေါင်းဆောင်အဖွဲ့ဝင်အားလုံး ပူးပေါင်းစွမ်းဆောင်မှုဖြင့် အဖွဲ့ကြီးတစ်ခုလုံးကို တိုးတက်အောင်လုပ်ဆောင်နိုင်သော အဖွဲ့ကြီးဖြစ်ရန်လိုသည်။ ဤအဖွဲ့သည် အဖွဲ့အစည်း၏ ဗျူဟာ၊ ပန်းတိုင်၊ ဦးတည်ချက်၊ စီမံချက်များကို ချမှတ်ပြီး ထိန်းချုပ်နိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ရန်လိုသည်။
15-Sep-2018 tagged as
မိမိလုပ်ငန်းခွင်ကို လှည့်ကြည့်လိုက်မိသည့်အခါ ဘာတွေတွေ့နိုင်သနည်း။ အလုပ်အပေါ် ငြီးငွေ့နေသူများ၊ စိတ်မဝင်စားစွာဖြင့် လုပ်ကိုင်နေသူများ၊ ကိုယ့်ခုံပေါ်တွင် ခွေယိုင်ကာထိုင်နေသူများ၊ စကားပြောနေသူများ၊ အလုပ်ကလွဲပြီး လုပ်ချင်ရာလုပ်နေသူများကို တွေ့ကြရမည်ဖြစ်သည်။ တစ်ချက်ပဲ စဉ်းစားစရာရှိသည်။ သူတို့အားလုံး ကိုယ့်အလုပ်အပေါ်တွင် ယုံကြည်မှုနည်းနေပြီလား။
15-Sep-2018 tagged as
စွန့်ဦးလုပ်ငန်းရှင်လေးများအဖို့ ဈေးကွက်နှင့် ဖောက်သည်သည် အဓိကကျသည့်အောင်မြင်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။ အက်မာနှင့် ပရင်းစ်တို့ နှစ်ဦးအတွက်မူ သူတို့ဈေးကွက်က ထင်သာမြင်သာမရှိလောက်အောင်ဖြစ်နေသည်ဆိုခြင်းမှာ ထူးဆန်းသည်ဟုဆိုရမည်။
01-Sep-2018 tagged as
၂၉ နှစ်သာရှိသေးသည့် ဒိုရှီသည် စတိဂျော့ဆိုသည့် Apple ကုမ္ပဏီကြီးကို ထူထောင်ခဲ့သူ တီထွင်သွားသော ဒီဇိုင်းများကို မှားနေသည်ဟု မြင်သူဖြစ်သည်။ ထို့ကြောင့်လည်း သူက ကိုယ်ပိုင်ကုမ္ပဏီတစ်ခုထူထောင်ပြီး သက်သေပြနိုင်ရန် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်သည်။
01-Sep-2018 tagged as
သူ၏ ပထမဆုံးနှင့် အများဆုံး ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းမှာ အင်တာနက်လုပ်ငန်းဖြစ်သည်။ ၁၉၉၅ ခုနှစ်တွင် သူက Yahoo ကုမ္ပဏီ၏ ရှယ်ယာများကို ဝယ်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင်လည်း ဒေါ်လာ သန်း ၂၀ ခန့် ရင်းနှီးမြှုပ်နှံပြီး Alibaba ၏ ရှယ်ယာများကို ဝယ်ခဲ့သည်။
25-Aug-2018 tagged as
“ကျွန်မကို ကြည့်ရှုအားပေးသူတွေက အဲဒီဆံပင်သန်ဆေးထုတ်ပါလို့ ပြောကြတယ်။ ဒါပေမဲ့ အိမ်တွင်းမှာ ဒါတွေကို ထုတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ နည်းနည်းလေးထုတ်ရင် ဈေးနှုန်းကလည်း အများကြီးကျသွားမှာဆိုတော့ တွက်ခြေကိုက်မှာ မဟုတ်ဘူး” ဟု သူကဆိုသည်။
25-Aug-2018 tagged as နည်းပညာ Drone
“လူတွေက လက်ရှိလုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့ ဒရုန်းတွေကို အစားထိုးတော့မယ်။ ဒါကြောင့် ကောင်းကင်ပေါ်မှာ ဒရုန်းထောင်ပေါင်းများစွာ ပျံသန်းနေတဲ့ခေတ်ကို ရောက်လာတော့မယ်။ ဒရုန်းတွေကို လုပ်ငန်းမှာသုံးဖို့ဆိုတာ လုပ်ငန်းစတင်တဲ့ ကုမ္ပဏီ လေးတွေအနေနဲ့လည်း အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ မဖြစ်မနေ သုံးကိုသုံးလာရတော့မယ်”ဟု လီမီးရပ်ကဆိုသည်။
18-Aug-2018 tagged as
တစ်ယောက် သူ့အသားအရေများ ပြောင်းလဲလာခြင်းကို ကောလိပ်ရောက်မှ စတင်သတိထားမိသည်။ သူ့မျက်နှာတွင် ဝက်ခြံတွေ ထွက်လာသည်။ ထိုဝက်ခြံတွေကြောင့် စိတ်ပျက်အားငယ်ခဲ့ရသည်။ သို့သော် သူ့အားနည်းချက်ကို အားသားချက်တစ်ခုဖြစ်အောင် မည်သို့လုပ်ရမည်နည်းဟု စဉ်းစားသည်။
ကွန်ပျူတာခေတ်ဦးတွင် မိုက်ခရိုကွန်ပျူတာများအတွက် BASIC လိုပရိုဂရမ်မျိုးကို မည်သူမှ မရေးသားနိုင်ခဲ့ကြပေ။ ဂိတ်စ်နှင့် အယ်လန်တို့က နောင်တစ်ချိန်တွင် Software Developer ဖြစ်လာကြမည့်သူတွေကို ရှေ့ဆောင်လမ်းပြကာ လုပ်ငန်းတစ်ခုအတွက် standard တစ်ခုကို ဖော်ထုတ်ပြသခဲ့ကြခြင်းဖြစ်သည်။ သူတို့က BASIC နှင့် ပတ်သက်ပြီး တိုးတိုးတိတ်တိတ်သာ ဈေးကွက်ကိုဖော်ထုတ်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ ကွန်ပျူတာခန်းအတွင်း တစ်နေ့တစ်နာရီ နှစ်နာရီလောက်သာအိပ်ကာ သူတို့ လုပ်ဆောင်ခဲ့ကြသည်။ လူပင်ပန်း စိတ်ပင်ပန်းဖြစ်နေချိန်တွင် ဂိတ်စ်သည် PDP-10 ကွန်ပျူတာနောက်တွင် ခေတ္တနားကာလဲလျောင်းတတ်သည်။ များသောအားဖြင့် ကွန်ပျူတာခုံပေါ်တွင် ခေါင်းစိုက်ပြီးအိပ်ပျော်နေတတ်သည်က များသည်။ လန့်နိုးသည်နှင့် ချက်ချင်း ကီးဘုတ်ကို ထရိုက်နေတတ်ပြန်သည်။
11-Aug-2018 tagged as
သူ့အမည်က ဗစ်ရှ်နက်စကီးဖြစ်သည်။ အသက် ၂၉ နှစ်သာရှိသေးသည် လူငယ်တစ်ဦးဖြစ်သည်။ သူ၏ဆန်ဖရန်စစ္စကို အခြေစိုက် Discord ကုမ္ပဏီကို ဂျေဆန်စီထရွန်နှင့်အတူ ၂၀၁၅ ခုနှစ်တွင် စတင်ထူထောင်ခဲ့ကြသည်။ Discord သည် ဆော့ဖ်ဝဲထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ မူလက ဂိမ်းကစားသူများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်နိုင်သည့် ဆော့ဖ်ဝဲလေးကို တီထွင်ခဲ့ရာ သုံးစွဲသူ ၂၀ ဦးသာ ရှိခဲ့သည်။ ယခုဆိုလျှင် ကမ္ဘာတစ်ဝန်း သူတို့ဆော့ဖ်ဝဲကို သုံးစွဲနေသူပေါင်း သန်း ၉၀ ကျော်ရှိနေပြီ။