News

POST TYPE

WORLD CUP 2018

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားမည့် အသင်း ၃၂ သင်း၏ အပြီးသတ်လူစာရင်းများ


ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်ကစားမယ့်အသင်းတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဆီကို အပြီးသတ် ၂၃ ဦးလူစာရင်းတွေ ကိုယ်စီကိုယ်ငှ တင်သွင်းလိုက်ကြရပြီပဲဖြစ်ပါတယ်။ အီဂျစ်နည်းပြ ဟက်တာကူးပါးဟာ တိုက်စစ်မှူး ဆာလားဟ်ကို ပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အပြီးသတ်လူစာရင်းထဲ ထည့်သွင်းခေါ်ယူလာခဲ့သလို ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်ကလည်း ဒဏ်ရာရနေတဲ့ ကွမ်ပနီနေရာမှာ အခြားကစားသမားတစ်ဦး အစားမထိုးဘဲ သူ့ကိုသာ ခေါ်ယူလာခဲ့ပါတယ်။ အာဂျင်တီးနားတိုက်စစ်မှူး အိုင်ကာဒီ၊ ဂျာမနီတိုက်စစ်တောင်ပံကစားသမား လီရွိုင်းဆာနေး၊ စပိန်နောက်ခံလူ မားကို့စ်အလွန်ဆိုနဲ့ ပေါ်တူဂီတိုက်စစ်မှူး အီဒါးတို့ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားခွင့်နဲ့ အံ့ဩသင့်ဖွယ် လွဲချော်ခဲ့ကြရသူတွေပါ။ အသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်လို့ ရုရှားမြေဆီ ရောက်ရှိလို့လာမယ့် စုစုပေါင်း ကစားသမားအရေအတွက်က ၇၃၆ ဦး ရှိပါလိမ့်မယ်။ အပြီးသတ်လူစာရင်းတွေကို ကြည့်လိုက်တာနဲ့ ဘယ်အသင်းက အရန်ကစားသမားအင်အား တောင့်တယ်၊ ဘယ်အသင်းက ပွဲအလှည့်အပြောင်းဖန်တီးပေးနိုင်စွမ်းရှိသူ ကစားသမားအရေအတွက် ပါဝင်မှုနှုန်း မြင့်မားတယ်ဆိုတာကို သိရှိနိုင်မှာဖြစ်လို့ ဘောလုံးပွဲကြိုက်သူ ပရိသတ်တွေအတွက် ဒီလူစာရင်းတွေဟာ တစ်ဖက်တစ်လမ်းက အထောက်အပံ့ကောင်းတွေ ကျိန်းသေဖြစ်လာမှာပါ။

ရုရှား (အိမ်ရှင်)

ဂိုး - အကင်ဖိဗ် (စီအက်စ်ကေအေမော်စကို)၊ ဂါဘူလော့ဗ် (ဘရုဂေး)၊ လူနက်ဗ်(ဇင်းနစ်)

နောက်တန်း - ဂရာနတ်(ရူဘင်ကာဇန်)၊ ကူဒါယာရှော့ဗ် (ရူဘင်ကာဇန်)၊ ကူတီပေါ့ဗ် (စပါးတပ်မော်စကို)၊ ဆင်မ်ယိုနော့ဗ် (အက်ခ်မတ်ဂရော့ဇ် နီ)၊ ဆမော်လ်နီကော့ဗ် (ဇင်းနစ်)၊ ဖာနန်ဒက်စ် (စီအက်စ်ကေအေမော်စကို)၊ အက်ဂ်နာရှီဗစ်ခ်ျ (စီအက်စ်ကေအေမော်စကို)

ကွင်းလယ် - ဂါဇင်စကီး(ခရတ်စ်နိုဒါ)၊ ဇာဂိုအက်ဗ် (စီအက်စ်ကေ အေမော်စကို)၊ ဂိုလိုဗင် (စီအက်စ်ကေအေမော်စကို)၊ အီရိုခင် (ဇင်းနစ်)၊ ဇာကော့ဗ် (ဇင်းနစ်)၊ ကပ်ဇ်ယာ အက်ဗ် (ဇင်းနစ်)၊ ဇော့ဘ်နင် (စပါးတပ်မော်စကို)၊ ဆာမီဒေါ့ဗ် (စပါးတပ်မော်စကို)၊ အန်တွန်မီရန်ချပ်ခ် (လိုကိုမိုးတစ်မော်စကို)၊ ချီရီရှက်ဗ် (ဗီလာရီးရဲလ်)

တိုက်စစ် - ဇူးဘား (အာဆင်နယ်တူလာ)၊ အလက်ဇိုင် မီရန်ချပ်ခ် (လိုကိုမိုးတစ်မော်စကို)၊ ဆမိုလော့ဗ် (ခရတ်စ်နိုဒါ)

နည်းပြ - ချာချီဆော့ဗ် (ရုရှား)၊ 
အသင်းခေါင်းဆောင် - အကင်ဖိဗ်