News

POST TYPE

WORLD CUP 2018

The Voice Daily ၏ ကမ္ဘာ့ဖလားခန့်မှန်းပြိုင်ပွဲ စည်းကမ်းချက်များ


- ယခုပြိုင်ပွဲကို ပံ့ပိုးကူညီသည့် ကုမ္ပဏီဖြစ်သော Bella နှင့် The Voice Daily မှ ဝန်ထမ်းများ ဝင်ရောက်ဖြေဆိုခွင့်မပြုပါ။

- အဖြေမှန်သူ တစ်ယောက်ထက်ပိုပါက ဆုကြေးငွေ ကျပ်တစ်သိန်းကို ခွဲဝေပေးမည်။ အဖြေမှန်သူ ငါးဦးထက်ပိုပါက အဖြေမှန်သူများထဲမှ ငါးဦးကို မဲနှိုက်ရွေးချယ်၍ ဆုကြေးခွဲဝေချီးမြှင့်မည်။

- အဖြေမှန်သူ မရှိပါက ဆုကြေးငွေကို နောက်နေ့ပွဲတွင် ထည့်ပေါင်းပြီး ဆုကြေးတိုးမြှင့်သတ်မှတ်သွားမည်။ 

- Post ကို Like & Share လုပ်ပြီးမှသာ ဖြေဆိုရမည်ဖြစ်သည်။

- Facebook အကောင့်တစ်ခုလျှင် ပွဲစဉ်တစ်ခုကို တစ်ကြိမ်သာဖြေဆိုခွင့်ရှိသည်။ တစ်ကြိမ်ထက်ပိုမိုဖြေဆိုပါက ယင်းအကောင့်၏ ခန့်မှန်းမှုကို ပယ်ဖျက်မည်။ 

- ဖြေဆိုရာတွင် သက်ဆိုင်ရာ Post ၏ Comment Box တွင်သာ သတ်မှတ်ချိန်အတွင်း ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး သတ်မှတ်ချိန်ကျော်သော ဖြေဆိုမှုများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။ ယင်းအပြင် ပြန်လည်ပြင်ဆိုထားသော Comment များကိုလည်း ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။ 

- ပေးထားသည့် မေးခွန်းပုံစံနမူနာအတိုင်း ဖြေဆိုရမည်။ ဖြေဆိုထားခြင်းမရှိသည့် Comment များကို ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။

*စစ်ဆေးရာတွင် ပျောက်နေသည့် comment များရှိနေ၍ အဖြေမှန်သူများ နံနက် ၁၀ နာရီ မတိုင်ခင် The Voice Daily Facebook messagebox မှသော်လည်းကောင်း comment မှသော်လည်းကောင်း အဖြေမှန်ကြောင်း မဖြစ်မနေ ဆက်သွယ်ပြောကြားရမည်။

- ယခုပြိုင်ပွဲတွင် အငြင်းပွားဖွယ်ပေါ်ပေါက်လာပါက The Voice Daily ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်မည်။