08-Sep-2016
ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေး MMA ပြိုင်ပွဲတွေ မြန်မာ့ရိုးရာ လက်ဝှေ့လောကထဲ နယ်ချဲ့လာတာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် အောက်တိုဘာ ၇ ရက်မှာတော့ မြန်မာစပါးအုံးလို့ ထင်ရှားတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်း အနေနဲ့ မြန်မာနိုင်ငံမှာ တတိယအကြိမ်မြောက် ယှဉ်ပြိုင်ထိုးသတ်တော့မှာပါ။