News

18-Jan-2018
အာရှတာဝေးနဲ့ မသန်စွမ်းစက်ဘီးစီးပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဖေဖော်ဝါရီလ ၆ ရက်မှ ၁၂ ရက်ထိ နေပြည်တော်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို သတင်းထောက် စည်သူက တင်ဆက်ပေးထားပါတယ်။
18-Jan-2018
ဧရာဝတီဝန်ကြီးချုပ်ရာထူးကနေနုတ်ထွက်သွားတဲ့ မန်းဂျော်နီနေရာမှာ ဦးလှမိုးအောင်ကို ဒီနေ့ကျင်းပတဲ့ လွှတ်တော်ကနေ ဝန်ကြီးချုပ်အသစ်အဖြစ် အတည်ပြုခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
16-Jan-2018
YBS နဲ့ Water Bus တို့၊ မြို့ပတ်ရထားလမ်းကြောင်းတို့ကို ချိတ်ဆက်ဖို့ အခုနှစ်ထဲမှာ အကောင်ထည် ဖော်သွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
16-Jan-2018
မင်္ဂလာဝတ်ဆုံတွေကို ဝတ်ဆင်ပြသခဲ့သလို Park Royal မှာ ပြုလုပ်နိုင်တဲ့ မင်္ဂလာပွဲ အစီအစဉ်တွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။
16-Jan-2018
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်မယ့်သူတွေ ယာယီနေထိုင်ဖို့ တန်းလျားအိမ်တွေ ဆောက်လုပ်ပေးနေပါတယ်။ ဒီသတင်းကိုတော့ သတင်းထောက် ခိုင်မင်းညိုက ရိုက်ကူးထားပါတယ်။
15-Jan-2018
ဘိလပ်မြေစက်ရုံအတွက် ကျောက်မိုင်းခွဲတဲ့လုပ်ငန်းက ကျောက်တုံးတွေ စိုက်ခင်းတွေထဲကိုကျလာတဲ့အတွက် တောင်သူတွေ အခက်အခဲ ဖြစ်နေပါတယ်။ သတင်းထောက် မောင်သန့်က ရိုက်ကူးပေးပို့ထားပါတယ်။
11-Jan-2018
ပဲခူးတိုင်း ဇီးကုန်းမြို့က စံပယ်မြောင်ရွာမှာတော့ အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်တဲ့နေရာမှာ တရားမျှတမှုမရှိလို့ ဆိုပြီး လက်ရှိအုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံ ၂၀၀ လောက်က ဆန္ဒပြကြပါတယ်။ ဒီသတင်းကို သတင်းထောက် မင်းမင်းအောင်က ရိုက်ကူးထားပါတယ်။
11-Jan-2018
မြန်မာနိုင်ငံမှာ ပထမဆုံးသော ခရုပန်းချီပြပွဲကို မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်၊ ခရုခွံတွေနဲ့ ဖန်တီးထားတဲ့ ပန်းချီကားတွေဟာ ကမ်းရိုးတန်းဒေသ ခရုထွက်တဲ့နေရာမှာ ရှိနေတဲ့ ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးရာ ရောက်တယ်လို့ ပန်းချီဆရာတွေက ပြောပါတယ်။
11-Jan-2018
မြန်မာသတင်းမီဒီယာကောင်စီက ဦးဆောင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းကို ကွင်းဆင်းလေ့လာခဲ့တဲ့ ခရီးစဉ်အရ ရခိုင်ပြည်နယ်အတွင်းမှာ ပုဂ္ဂလိကသတင်းစာထုတ်မယ်ဆိုရင် ကောင်စီအနေနဲ့ ခွင့်ပြုချက်ကပေးနိုင်တယ်လို့ ဒုဥက္ကဋ္ဌက ပြောပါတယ်။
11-Jan-2018
“အနုပညာရှင်တွေက အဆဲခံသက်သက်သမားတွေ မဟုတ်ကြပါဘူး။ ဝေဖန်ခံနိုင်ပါတယ်။ ဒါပေမဲ့ မဟုတ်တာ လုပ်မထားဘဲနဲ့ အဆဲတော့ မခံနိုင်ပါဘူး”ဆိုတဲ့ ထက်ထက်ထွန်း
11-Jan-2018
၂၀၁၇ ခုနှစ်အတွင်း မန္တလေးခရိုင်ထဲမှာ အမှုပေါင်း တစ်သောင်းကျော်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မှုခင်းတွေ ဖြစ်နေတာ လျော့ကျစေဖို့အတွက် နယ်လုံဝန်ကြီးနဲ့ အုပ်ချုပ်ရေးမှူးတွေ ရပ်မိရပ်ဖတွေ တွေ့ဆုံခဲ့ကြပါတယ်။ ဒီအကြောင်းကို သတင်းထောက် မောင်သန့်က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
10-Jan-2018
မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းအသုံးပြုမှုအပေါ် လေ့လာထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲတရပ်ကို ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)က ရန်ကုန်မြို့ရှိ၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။ သတင်းထောက် ဇေယျာဟိန်းက ရိုက်ကူးတင်ဆက်ထားပါတယ်။
10-Jan-2018
ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြောက်ပိုင်းခရိုင်တရားရုံးကနေ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်)မှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ ဒီသတင်းကိုတော့ သတင်းထောက် ခင်မြတ်မြတ်ဝေက ရိုက်ကူးတင်ဆက်ထားပါတယ်။
09-Jan-2018
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သတ်တဲ့သတင်းတွေ ရယူတဲ့အခါမှာ သတင်းသမားတွေအနေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေရဖို့ အခက်ခဲတွေ ရှိနေသေးတယ်လို့ ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာပြုလုပ်တဲ့ ရခိုင့်အရေးနဲ့ သတင်းမီဒီယာ အခန်းကဏ္ဍ ဆွေးနွေးပွဲကနေ သိရပါတယ်။
08-Jan-2018
တိုက်ကြီးမြို့နယ်ထဲက ဒေသခံတွေဟာ တောဆင်ရိုင်းတွေရဲ့ အန္တရာယ်ကို နေ့စဉ် ရင်ဆိုင်နေရပါတယ်။ တောဆင်ရိုင်းတွေဟာလည်း ဆင်မုဆိုးတွေကြောင့် ရှားပါးလာရပါတယ်။ ဒီအကြောင်းကို The Voice သတင်းထောက် ကိုမင်းမင်းအောင်က တင်ဆက်ပေးထားပါတယ်။