News

POST TYPE

VIDEO

ဒီနေ့ You Tube မှာ ဘာခေတ်စားနေလဲ
18-Aug-2016

ရှားပါးပြီး အင်မတန် အဆိပ်ပြင်းတဲ့ အဝါရောင်ပင်လယ်မြွေ တစ်ကောင်ကို တွေ့ရှိခဲ့တဲ့ ဗီဒီယိုဟာ တောရိုင်းတိရစ္ဆာန်တွေနဲ့ ရှားပါးသတ္တဝါတွေအကြောင်း စိတ်ဝင်စားတဲ့ YouTube သုံးစွဲသူတွေကြား ထူးခြားတဲ့ သတင်းတစ်ခု ဖြစ်နေပါတယ်။

ပင်လယ်ထဲက ရှာပါးသတ္တဝါတွေကို ရှာဖွေပြီး ဗီဒီယိုမှတ်တမ်း ရိုက်ကူးသူတစ်ဦး ဖြစ်တဲ့ ကိုင်အိုတီဟာ ကိုစတာရီကာနိုင်ငံ၊ အိုဆာကျွန်းဆွယ်မှာရှိတဲ့ ကမ်းခြေတစ်ခုမှာ Yellow-bellied Sea Snake (ဗိုက်ဝါ ပင်လယ်မြွေ) တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ ဒီမြွေမျိုးစိတ်ဟာ ပင်လယ်သမုဒ္ဒရာတွေထဲမှာသာ နေထိုင်လေ့ရှိပြီး အခုလို ကမ်းစပ်မှာ တွေ့မြင်ရလေ့ မရှိဘူးလို့ ကိုင်အိုတီက ဆိုပါတယ်။

ကမ္ဘာ့အဆိပ်အပြင်းဆုံး သွေးအေးသတ္တဝါတွေထဲမှာ ပါဝင်ပြီး တစ်ချက်ကိုက်ရုံနဲ့ သေစေနိုင်တဲ့ ဒီမြွေကို ကိုင်အိုတီက ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ပြပြီး ရှင်းလင်းပြောပြထားပါတယ်။ 

နောက်ဆုံးမှာ ရှားပါးမျိုးနွယ်ဝင်ဖြစ်တဲ့ ဒီမြွေကို ကမ်းခြေနဲ့ ဝေးကွာပြီး သူနဲ့သင့်တော်မယ့် တစ်နေရာမှာ လွှတ်ပေးခဲ့ပါတယ်။

တင်ထားတာ တစ်ရက်မပြည့်သေးတဲ့ အချိန်မှာပဲ ဒီဗီဒီယိုဟာ ကြည့်ရှုသူ ခုနစ်သိန်းနီးပါး ရရှိနေပါပြီ။