News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
16-Aug-2016 tagged as ဆမ်ဆောင်း

ဒီနေ့ YouTube မှာ ခေတ်စားနေတဲ့ ဗွီဒီယိုတွေထဲကမှ စိတ်ဝင်စားဖို့ကောင်းတဲ့ ဗွီဒီယို တစ်ခုကတော့ နာမည်ကျော် စမတ်ဖုန်း တံဆိပ်တစ်ခုဖြစ်တဲ့ Samsung ရဲ့ အသစ်ထွက် Galaxy Note 7 ဖုန်းကို တွဲဖက်ပါဝင်တဲ့ S pen နဲ့ လက်တွေ့အသုံးပြုပြတဲ့ Official Hands On ဗွီဒီယိုပဲ ဖြစ်ပါတယ်။

ဒီဗွီဒီယိုမှာ Galaxy Note 7 ရဲ့ ရေစိုခံနိုင်တဲ့အစွမ်းနဲ့ S pen ရဲ့တိကျတဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို မိတ်ဆက်ပြသထားပါတယ်။

ဆမ်ဆောင်းဟာ Galaxy Note 7 မှာ S pen ကို အထူးအဆင့်မြှင့်တင်ထားပြီး တကယ့်ခဲတံတစ်ချောင်းကို ကိုင်တွယ်ရသလို ထိတွေ့မှုမျိုး ရရှိဖို့ ကြိုးစားထားကြောင်းလည်း ဒီ Official ဗွီဒီယိုမှာ ထည့်သွင်းကြော်ငြာထားတာကို တွေ့ရမှာပါ။

ဆမ်ဆောင်းမိုဘိုင်းလ်ရဲ့ တရားဝင် YouTube channel ကနေပဲ တင်ဆက်ထားတဲ့ ဒီဗွီဒီယိုကို ကြည့်ရှု့သူ အရေအတွက်ဟာ တစ်ရက်မပြည့်ခင်မှာပဲ တစ်သိန်းကျော်အထိ ရှိနေတာကို တွေ့ရပါတယ်။

ဒီဗွီဒီယိုကို စိတ်ဝင်စားလို့ ကြည့်ရှု့ချင်တယ်ဆိုရင် အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။