News

POST TYPE

VIDEO

ဒီနေ့ You Tube မှာ ဘာခေတ်စားနေလဲ
15-Aug-2016


ရေကြီးနေတဲ့ ဒေသတစ်ခုမှာ ရေနစ်နေတဲ့ အမျိုးသမီးသမီးကြီးတစ်ဦးနဲ့ သူ့ရဲ့ ခွေးကလေးကို ခဲရာခဲဆစ် ကယ်ဆယ်လိုက်ပုံကို ရိုက်ထားတဲ့ ဗီဒီယိုကို ဒီနေ့အတွက် ဝေမျှချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒေသတချို့လိုပဲ အမေရိကန်နိုင်ငံ၊ လူဝီစီးယားနားပြည်နယ်၊ ဘက်တန်ရော့ဂ်မြို့မှာလည်း ရေကြီးတဲ့နှုန်းဟာ လက်ရှိအချိန်မှာ ကြောက်ခမန်းလိလိ ရှိနေပါတယ်။

ဒီဗီဒီယိုကို မှတ်တမ်းတင်ထားတဲ့ လူတစ်စုက ဒီအဖြစ်အပျက် ဖြစ်ပွားချိန်မှာ ရေကြီးနေတဲ့ ဘက်တန်ရော့ဂ်မြို့ တစ်ဝိုက်မှာ စက်လှေနဲ့ လှည့်လည်ရင်း မှတ်တမ်းတင် ရိုက်ကူးနေခဲ့တာပါ။

တစ်နေရာ အရောက်မှာတော့ အိမ်စီးကားတစ်စီးဟာ ရေထဲမှာ လုံးဝနစ်မြုပ်လုနီးပါး ဖြစ်နေတာကို တွေ့ရပြီး ဗလုံးဗထွေး အော်ဟစ်အကူအညီ တောင်းနေသံကိုလည်း ကြားလိုက်ရပါတယ်။

စက်လှေပေါ်က အမျိုးသားတွေဟာ ကားမှန်ကို ရိုက်ခွဲပြီး ထုတ်ဖို့ ကြိုးစားပေမယ့် ကားမှန်က အတော်မာပုံ ရပါတယ်။

နောက်ဆုံးမှာ ကားအမိုးပျော့ကို ခွဲထုတ်ပြီး အသက် ၆၀ လောက် ရှိပုံရတဲ့ အမျိုးသမီးကြီးနဲ့ သူ့ရဲ့ခွေးလေးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

တင်ထားတာ တစ်ရက်ကျော်ပဲ ရှိသေးတဲ့ ဒီဗီဒီယိုဟာ ကြည့်ရှုသူ တစ်သန်းကျော်နေပါပြီ။