News

POST TYPE

VIDEO

ကျောင်းသားဆန္ဒထုတ်ဖော်ပွဲ ဖြိုခွဲခံရမှု ဖြစ်စဉ်
03-Jul-2016


အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ရေး တောင်းဆိုနေသော ကျောင်းသားသပိတ်များကို အစိုးရက အကြမ်းမဖက်ရေး အတွက် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်၌ ဆန္ဒဖော်ထုတ်နေစဉ် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ်များက ပိတ်ဆို့ဖမ်းဆီးခဲ့ရာ ကျောင်းသားငါးဦးနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ သုံးဦး ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရသူ များမှာ ရန်ကင်း မြို့နယ်ရဲစခန်း အနီး ကြံထုတ်လုပ်ရေး ရုံးချုပ်ဟောင်းတွင် ညည့်နက်သန်းခေါင် အထိ တစ်ဦးချင်းစီ စစ်ဆေးခံခဲ့ရပြီး မတ်လ ၆ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။