News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
14-Aug-2016


ဒီနေ့အတွက် YouTube မှာ ရေပန်းစားနေတာကတော့ ကပ္ပတိန်ဂျက်စပဲရိုးအဖြစ် နာမည်ကျော်တဲ့ ဟောလိဝုဒ် ထိပ်တန်းသရုပ်ဆောင် ဂျွန်နီဒက်ပ်တစ်ယောက် မိန်းမနဲ့ ရန်ဖြစ်ပြီး မီးဖိုချောင်ထဲမှာ ဒေါသပေါက်ကွဲနေတဲ့ ဗွီဒီယိုပဲ ဖြစ်ပါတယ်။

အဲဒီဗွီဒီယိုထဲမှာ ဂျွန်နီဒက်ပ်ဟာ ဒေါသတကြီးနဲ့ အော်ဟစ်နေပြီး ပုလင်းတွေကို ရိုက်ခွဲနေတာကို တွေ့ကြရပါတယ်။

ဂျွန်နီဒက်ပ်တစ်ယောက် အဲဒီလို ဒေါသပေါက်ကွဲနေတာကို သူ့ရဲ့ဇနီး အမ်ဘာဟက်ဒ်က ဂျွန်နီဒက်ပ် မသိအောင် ရိုက်ထားတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာအမ်ဘာဟက်ဒ်က တရားရုံးမှာ ဂျွန်နီဒက်ပ်နဲ့ ကွာရှင်းခွင့် တောင်းထားပါတယ်။

တစ်ရက်အတွင်းမှာတင် ကြည့်ရှုသူ ၂ သန်း ကျော်နေပြီ ဖြစ်တဲ့ အဲဒီဗွီဒီယိုကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။