News

POST TYPE

VIDEO

ဒီနေ့ You Tube မှာ ဘာခေတ်စားနေလဲ
13-Aug-2016


တာတီဆိုတဲ့ မိတ်ကပ်ပညာရှင်တစ်ဦး တင်ထားတဲ့ “ဒေါ်လာ ၃၀၀၀ တောင်တန် မိတ်ကပ်လိမ်းခြယ်နည်း” ဆိုတဲ့ ဗီဒီယိုတစ်ခုဟာ ဒေါ်လာ ၃၀၀၀ (မြန်မာငွေ ၃၅ သိန်း ဝန်းကျင်) ဆိုတဲ့ မျက်ခုံးပင့်ချင်စရာ ဈေးနှုန်းကြောင့် ထူးထူးခြားခြား ပိုပြီးစိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

၂၂ မိနစ် ကြာမြင့်တဲ့ ဒီဗီဒီယိုမှာ ဈေးကြီးပေ့ဆိုတဲ့ နာမည်ကျော် အလှပြင်ပစ္စည်း ကိရိယာတွေကိုချည်း အသုံးပြုပြီး အသေးစိတ် ခြယ်မှုန်းပြသွားတာပါ။ သုံးထားတဲ့ အလှပြင် ပစ္စည်းတွေကလည်း အခု (၂၀) လောက်တော့ ရှိပါလိမ့်မယ်။

မိတ်ကပ်လိမ်းခြယ် ပြသနေရင်း သုံးတဲ့ပစ္စည်းတွေနဲ့ ကိရိယာတစ်ခုချင်းစီကို ဈေးနှုန်းနဲ့တန်တဲ့ အရည်အသွေးရှိမရှိ သူ့ရဲ့ ယူဆချက်နဲ့ အတွေ့အကြုံတွေကို ရှင်းပြထားပြီး ထွက်လာတဲ့ ရလဒ်ကိုလည်း လက်တွေ့ပြသထားပါတယ်။ အများစုကတော့ အရည်အသွေး တကယ်ကောင်းပြီး လိမ်းရတာ ပေါ့ပါးပေမယ့် ဒီလောက်ဈေးကြီးပေးပြီး ဝယ်သင့်ရဲ့လား ဆိုတာကို ပြသချင်တာလို့ သူက ဆိုပါတယ်။

ဒီဗီဒီယိုဟာ တင်ထားတဲ့ နှစ်ရက်အတွင်းမှာ ကြည့်ရှုသူ ခြောက်သိန်းကျော် ရရှိထားပါတယ်။