News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
11-Aug-2016

ဒီနေ့အတွက် YouTube မှာခေတ်စားနေတဲ့ ဗွီဒီယိုတွေထဲက ညွှန်းပေးချင်တာကတော့ နာမည်ကျော် ကာတွန်းရုပ်ရှင်တစ်ခု ဖြစ်တဲ့ How To Train Your Dragon 2 ရဲ့ အလွဲတွေကို ထောက်ပြထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။

How To Train Your Dragon 1 နဲ့ 2 ဟာ ရုံတင်ပြသစဉ်က ငွေကြေးအရ အမြတ်အစွန်းများစွာ ရရှိခဲ့ပြီး လာမယ့် ၂၀၁၈ ခုနှစ်မှာ တတိယမြောက် ဇာတ်ကားကို ရုံတင်ပြသနိုင်ဖို့တောင် စီစဉ်နေပြီဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၄ ခုနှစ်တုန်းက ကမ္ဘာတဝန်း ရုံတင်ပြသခဲ့တဲ့ How To Train Your Dragon 2 ရုပ်ရှင်မှာ နောက်ခံအချက်အလက် လွဲတာတွေ၊ ရှေ့နောက် မညီတာမျိုးတွေနဲ့ တခြားအလွဲတွေ ရှိနေပြီး အဲဒီအလွဲတွေကို CinemaSins ဆိုတဲ့ YouTube Channel က ထောက်ပြထားပါတယ်။

Everything Wrong With How To Train Your Dragon 2 လို့အမည်ပေးထားတဲ့ ဒီ ဗွီဒီယိုဖိုင်ဟာ YouTube မှာတစ်ရက်အတွင်း ကြည့်ရှုသူ ၁ သန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။