News

POST TYPE

VIDEO

ဒီနေ့ YouTube မှာဘာခေတ်စားနေလဲ
09-Aug-2016

ဒီနေ့အတွက် ဝေမျှပေးချင်တဲ့ YouTube ဗွီဒီယိုကတော့ လက်သည်းအလှပြုပြင်နည်း ဗွီဒီယိုပဲ ဖြစ်ပါတယ်။

ဒီဗွီဒီယိုမှာဆိုရင် လက်သည်းအလှပညာရှင် ရေချယ်ကနေပြီး လက်သည်းကို သတ္ထုရောင်လိုပုံစံမျိုးရအောင် ပုံဖော်ပေးပုံနဲ့ သုံးဖက်မြင်ရုပ်လုံးကြွပုံစံ ပုံဖော်ပေးပုံတို့ကို မြင်တွေ့ကြရမှာပါ။

ဒီဗွီဒီယိုကို အမေရိကန် မိတ်ကပ်နဲ့ အလှပြင်ကုန်ပစ္စည်း ပညာရှင်တစ်ဦးလည်းဖြစ်၊ ဖက်ရှင်ဒီဇိုင်နာတစ်ဦးလည်း ဖြစ်သူ Jeffree Star ရဲ့ YouTube channel ကနေတင်ဆက်ထားတာ ဖြစ်ပါတယ်။

CHROME & HOLOGRAPHIC NAILS: Step by Step Tutorial လို့အမည်ပေးထားတဲ့ ဒီဗွီဒီယို YouTube မှာတင်ထားတာ တစ်ရက်ပဲရှိသေးပေမယ့် ကြည့်ရှုတဲ့အကြိမ်အရေအတွက်ကတော့ ၁ သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။