POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
07-Jan-2017 tagged as


အရုပ်လူသတ်သမား(Child Play)ရုပ်ရှင် ဇာတ်ကားသစ် နမူနာဗီဒီယို

၁၉၉၀ လွန်နှစ်တွေမှာ စတင်ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း လူကြိုက်များခဲ့တဲ့ အရုပ်လူသတ်သမား (Child Play ) သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို မှတ်မိကြလိမ့်ဦးမယ် ထင်ပါတယ်။

ဒီနှစ်ထဲမှာတော့ ယင်းအရုပ်လူသတ်သမားဇာတ်ကားတွေရဲ့ သတ္တမမြောက် ဇာတ်ကား ဖြစ်လာမယ့် Cult Of Chucky ဆိုတဲ့ ရုပ်ရှင်ထွက်လာဖို့ ရှိနေပါတယ်။

လက်ရှိအချိန်မှာ ယင်းဇာတ်ကား ထွက်ရှိမယ့်ရက်ကို ကြေညာခြင်း မရှိသေးပေမယ့် ဇာတ်ကား နမူနာဗီဒီယို တစ်ခုကတော့ ထွက်ရှိလာပါပြီ။

၆ ကားမြောက် Child Play ဇာတ်ကားက ၂၀၁၃ ခုနှစ်ထဲက ထွက်ရှိခဲ့တာဖြစ်ပြီး အခုလို ၄ နှစ်အကြာမှ နောက်ထပ် တစ်ကား ထပ်ထွက်မှာ ဖြစ်တဲ့အတွက် Cult Of Chucky ဇာတ်ကားနမူနာကို YouTube မှာ စိတ်ဝင်စားမှုမြင့်တက်နေပြီး ၂ ရက်အတွင်းမှာတင် ကြည့်ရှုသူ ၁ သန်းကျော်နေပြီဖြစ်ပါတယ်။ ကြာမြင့်ချိန်က ၁ မိနစ်ခန့်သာ ရှိပါတယ်။

  • TAGS