POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
03-Jan-2017 tagged as


Fifty Shades Darker New Trailer

၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး အငြင်းပွားမှုတွေရော၊ အားပေးမှုတွေရော အများကြီးရရှိခဲ့တဲ့ Fifty Shades Of Grey နောက်ဆက်တွဲ Fifty Shades Darker ရဲ့ ဇာတ်ကားနမူနာအသစ် တစ်ခု ထပ်မံထွက်ရှိလာပြီး YouTube မှာလည်း လူကြည့် များနေပါတယ်။

Fifty Shades YouTube Channel ကနေ တရားဝင် ထွက်ရှိလာတဲ့ ဒီနမူနာ ဗီဒီယိုဟာ တစ်ပတ်အတွင်း ရေပန်းအစားဆုံး YouTube ဗီဒီယိုစာရင်းရဲ့ နံပါတ် ၉ နေရာမှာ ရပ်တည်နေပါတယ်။

ဒီနမူနာ ဗီဒီယိုထဲက ပြကွက်တွေအရ Fifty Shades Darker ဟာလည်း Fifty Shades of Grey လိုပဲ အငြင်းပွားမှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ဆောင်ယူလာနိုင်လိမ့်ဦးမယ်လို့ ခန့်မှန်းရပါတယ်။

ဒီဇင်ဘာလ၊ ၃၁ ရက်နေ့ကမှ စတင်ထားတဲ့  ဒီဗီဒီယိုဟာ ၃ ရက်အတွင်းမှာပဲ ကြည့်ရှုတဲ့အကြိမ်ရေ တစ်သန်းကျော် ရရှိထားပြီးပြီဖြစ်ပါတယ်။

ကြာမြင့်ချိန်က ၃၂ စက္ကန့်စာပဲရှိပြီး ကြိုတင်ရင်ခုန်ထားချင်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအနေနဲ့ အောက်ကလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

  • TAGS