POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
31-Dec-2016 tagged as လေယာဉ်

လေယာဉ်မောင်းဖို့ အလာမှာ အရက်မူးနေတဲ့ လေယာဉ်မှူး

ကားမောင်းတဲ့သူတွေကိုတောင် မောင်းရင်မမူးနဲ့ မူးရင်မမောင်းနဲ့လို့ စည်းကမ်းထုတ်ပြီး ဖမ်းဆီးအရေးယူမှုတွေ လုပ်နေတာကြောင့် လေယာဉ်မောင်းတဲ့ လေယာဉ်မှူးတွေ ဆိုရင်တော့ လေယာဉ်မောင်းမဲ့ အချိန်မှာ အရက်ကို လုံးဝရှောင်ကျဉ်ထားရမယ် ဆိုတာ အထူးပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။

ဒါပေမဲ့ အင်ဒိုနီးရှား ပြည်တွင်းလေကြောင်းလိုင်း တစ်ခုကတော့ လေယာဉ်မှူးတစ်ဦးကတော့ လေယာဉ်မောင်းဖို့လာတဲ့ အချိန်မှာ သိသိသာသာ မူးနေခဲ့ပါတယ်။

ဒီဗီဒီယိုမှာတော့ လေဆိပ်ကိုအဝင်မှာ သိုင်းကွက်နင်းနေတဲ့ ယင်းလေယာဉ်မှူးကို တွေ့မြင်ကြရမှာပါ။

ဘယ်လောက်တောင် မူးနေတယ် ဆိုတာတော့ ကိုယ်တိုင်သာ ရှုစားကြည့်ကြပါ။

လေယာဉ်မောင်းရမှာကို ဒီလောက်မူးလာတဲ့ လေယာဉ်မှူး ဘာမှမဖြစ်ဘူးလားလို့တော့ မတွေးပါနဲ့။ ချက်ချင်းဆိုသလိုပဲ အလုပ်ပြုတ်သွားခဲ့ပါတယ်။