POST TYPE
VIDEO
ဒီနေ့ YouTube မှာဘာခေတ်စားနေလဲ
22-Dec-2016
tagged as
လူကိုပါ “မ”နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ဒရုန်း
ဒီနေ့ခေတ်မှာ နည်းပညာ အမျိုးမျိုးနဲ့ ဒရုန်း အမျိုးမျိုး ထွက်ပေါ်လျက် ရှိပါတယ်။ လက်တစ်ဖဝါးစာတောင် မရှိတဲ့ ဒရုန်း သေးသေးလေးတွေကနေ လုပ်ငန်းသုံး ဒရုန်း အကြီးစားတွေထိ အရွယ်အစားကလည်း အမျိုးမျိုးပါပဲ။
ဒါပေမဲ့ ဒီဗီဒီယိုထဲက ဒရုန်းလောက် ကြီးမားတဲ့ ဒရုန်းတော့ မရှိနိုင်သေးဘူး ထင်ပါတယ်။
ဒီဒရုန်းကတော့ ထိန်းချုပ် မောင်းနှင်နေတဲ့လူကိုပါ “မ” သွားနိုင်လောက်အောင် အရွယ်အစားအရရော၊ စွမ်းအားအရပါ ကြီးမားတဲ့ ဒရုန်းပဲ ဖြစ်ပါတယ်။
ကေဆီနိုင်းစတတ်တဲ့ဆိုတဲ့ နယူးယောက်မြို့သား YouTuber တစ်ယောက်က ဒီဒရုန်းကြီးကို တည်ဆောက်ပြီး ကိုယ်တိုင်လည်း စီးနင်းပြကာ ဗီဒီယိုမှတ်တမ်း တင်ထားတာ ဖြစ်ပါတယ်။
ဒီဗီဒီယိုဟာ YouTube မှာ လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး လက်ရှိအချိန်မှာ ကြည့်ရှုတဲ့ အကြိမ်အရေအတွက် ၄ သန်းကျော်ထိ ရှိနေပြီဖြစ်ပါတယ်။ ကြာမြင့်ချိန်က ၄ မိနစ်ကျော်သာ ရှိပါတယ်။
-
21-Apr-2018
-
21-Apr-2018
-
21-Apr-2018
-
21-Apr-2018
-
21-Apr-2018
-
21-Apr-2018
-
02-Apr-2018