News

POST TYPE

VIDEO

Myanmar Election Hype House 2020 - အစီအစဉ်
05-Nov-2020

ပရိသတ်အချစ်တော်တွေဖြစ်ကြသော အုပ်စိုးခန့်၊ သဇင်နွယ်ဝင်း၊ အေးမြတ်သူ၊ ညီညီမောင်(စမ်းချောင်း) နှင့် ရဲရင့် တို့အပြင် အခြားသော အနုပညာရှင်များ ဖန်တီးထားသည့် Tik Tok video များ၊ တိုက်ရိုက်ထုတ်လွှင့်မှုများကို ရွေးကောက်ပွဲဆုံရပ်လို့ခေါ်တဲ့ Myanmar Election Hype House 2020 - အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆုံရပ် အစီအစဉ်တွေမှာတော့

• ဆန္ဒမဲဘယ်လိုပေးကြမလဲ
• ဆန္ဒမဲပေးခြင်းဟာ ဘယ်လောက်အထိအရေးကြီးသလဲ
• Covid-19 ကပ်ရောဂါရင်ဆိုင်နေရချိန်မှာ စိတ်ချလုံခြုံမှုရှိရှိ ဆန္ဒမဲပေးနိုင်မည့်
နည်းလမ်းများကို မျှဝေခြင်း

ဒါ့အပြင်
• ဆန္ဒမဲပေးခွင့်ရှိသော နိုင်ငံသားတိုင်း၏ ဆန္ဒ္ဒမဲတစ်ပြားချင်းစီက နိုင်ငံတော်အတွက် ဘယ်လောက်ထိ အဖိုးတန်တယ်ဆိုတာတွေကို တင်ဆက်ပေးနေတာဖြစ်လို့ "Myanmar Election Hype House 2020” ရွေးကောက်ပွဲဆုံရပ် Facebook စာမျက်နှာကို ဝင်ရောက်လေ့လာဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်။
“Myanmar Election Hype House 2020- ရွေးကောက်ပွဲဆုံရပ်” အစီအစဉ် သည် မည်သည့် နိုင်ငံရေးအဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိပါ။