News

POST TYPE

VIDEO

ရန်ကုန်တိုင်း အရပ်ဖက်အဖွဲ့အစည်းများ ကွန်ရက် စုံညီညီလာခံ
03-Oct-2019




ရန်ကုန်တိုင်း အရပ်ဖက်အဖွဲ့အစည်းများ ကွန်ရက်ထဲမှာ အဖွဲ့ဝင်အချင်းချင်းကြား ညှိနှိုင်းလို့မရတဲ့ ပြသနာတွေ ရှိလာတာကြောင့် လာမယ့် အောက်တိုဘာလ နောက်ဆုံးအပတ်မှာ စုံညီ ညီလာခံ ပြန်လည်ကျင်းပသွားမယ်လို့ ကွန်ရက်ရဲ့ ဦးဆောင်ကော်မတီဝင် ဦးမိုယ်းသွေးက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၂၈) ရက်နေ့မှာ ရန်ကုန်မြို့ Myanmar Press Freedom Center မှာ ရန်ကုန်တိုင်း အရပ်ဖက်အဖွဲ့အစည်းများ ကွန်ရက်၊ စုံညီညီလာခံ ဖြစ်မြောက်ရေးကော်မတီက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး အဲဒီသတင်းစာရှင်းလင်းပွဲမှာ ကွန်ရက်ရဲ့ အခြေအနေတွေကို တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းကို သတင်းထောက် ဇင်မိုးဝါ ရိုက်ကူးထားပါတယ်။


  • VIA