News

POST TYPE

VIDEO

အောင်ကြီးကို ဇူလိုင် ၂၄ ရက် ပြန်စစ်မယ်
15-Jul-2019


ဒီကနေ့ မနက်မှာ Victoria ဖြစ်စဉ်က မုဒိမ်းမှုနဲ့ တရားစွဲဆိုခံထားရတဲ့ အောင်ကြီး (ခေါ်) အောင်ကျော်မျိုးကို စတင် ရုံးထုတ်ခဲ့ပြီး ဇူလိုင် (၂၄) မှာ ပြန်လည်စစ်ဆေးမယ်လို့ ဒက္ခိဏခရိုင်တရားရုံး တရားသူကြီးက ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

လာမယ့် (၂၄) ရက်နေ့မှာ ဘယ်လိုစစ်ဆေးမလဲဆိုတာနဲ့ ဒီနေ့ ရုံးထုတ်တဲ့အခြေအနေကို အောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်က အခုလိုပဲ ပြောပြပါတယ်။

ဒီကနေ့ ရုံးချိန်းကို ဒေသခံတွေနဲ့ လေ့လာလိုသူ အများအပြားလည်း လာရောက်နားထောင်ခဲ့ကြပေမယ့် ရုံးချိန်းက မိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီး အောင်ကြီးကို နေပြည်တော် အကျဉ်းထောင်သို့ ပြန်လည်ခေါ်ဆောင်သွားပါတယ်။

ဒီသတင်းကို သတင်းထောက် အောင်ထက်၊ ခိုင်စိုးလင်းတို့ ရိုက်ကူးထားပါတယ်။