News

POST TYPE

VIDEO

မြိုင်သာယာဈေးကို ဈေးသစ်ဆောက်မယ့်အချိန် ရွှေ့ဆိုင်းပေးဖို့ ဆိုင်ခန်းပိုင်ရှင်တွေက တောင်းဆို
15-May-2019

မော်လမြိုင်မြို့က မြိုင်သာယာဈေးကို ဈေးသစ်ဆောက်မယ့်အချိန် ရွှေ့ဆိုင်းပေးဖို့ ဆိုင်ခန်းပိုင်ရှင်တွေက တောင်းဆိုလိုက်ပါတယ်။

ဈေးသူဈေးသားတွေရဲ့ သဘောထားကို ရယူတာမျိုးမရှိဘဲ လုပ်ဆောင်နေတဲ့အပေါ် ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကို တိုင်ကြားထားပြီး သမ္မတထံ အသနားခံစာတင်ဖို့ကို စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းကို သတင်းထောက် ခတ္တာနွန် ရိုက်ကူးထားပါတယ်။