News

POST TYPE

VIDEO

မြစ်ဆုံစီမံကိန်း အပြီးရပ်ဆိုင်းရေး နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးပြုလုပ်
02-Apr-2019


မြစ်ဆုံစီမံကိန်း အပြီးရပ်ဆိုင်းရေးအတွက် နိုင်ငံလုံးဆိုင်ရာ အစည်းအဝေးကို ဧပြီလ (၁) ရက်နေ့မှာ ရန်ကုန်မြို့ နာရေးကူညီမှုအသင်းရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးရပ်ဆိုင်းရေးအတွက် မိုးလေဝသပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာတွေဖြစ်ကြတဲ့ ဆရာကိုတာ၊ ဆရာမောင်စိန်ဝင်းနဲ့ ဆရာမ ဂျူးတို့က ဟောပြောမှုတွေ ပြုလုပ်ခဲ့ပြီး လူမှုအဖွဲ့အစည်းတွေကနေ သဘောထား ထုတ်ပြန်ချက်တွေ ထုတ်ပြန်ကာ ပူးပေါင်းကွန်ရက်တစ်ခုကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ဒီသတင်းကို သတင်းထောက် ရန်နိုင် ရိုက်ကူးထားပါတယ်။