POST TYPE
VIDEO
ဒီနေ့တော့ အရေးမကြီးပေမယ့် လက်တွေ့အသုံးဝင်နိုင်တဲ့ YouTube ဗွီဒီယိုတစ်ခုကို ညွှန်းပေးချင်ပါတယ်။
ကိတ်မုန့်ခွဲတဲ့အခါ ကိတ်မုန့်လှီးတဲ့ဓါးနဲ့ ခွဲရတာက အနည်းငယ် လက်ဝင်ပါတယ်။ ဒါကြောင့် ကိတ်မုန့်ကို အလွယ်တကူ ခွဲနိုင်မယ့် အကူအညီ ပစ္စည်းလေးတွေကို ဒီနေ့ခေတ် စူပါမားကတ်တွေမှာ ဝယ်ယူလို့ ရပါတယ်။ ဒါပေမဲ့ ခက်နေတာက ကိတ်မုန့်ခွဲတဲ့ ကိရိယာလေးတွေက ပုံစံအမျိုးမျိုးနဲ့ ရှိနေပြီး ဘယ်တစ်ခုက ကိုယ့်အတွက် အဆင်ပြေနိုင်မလား ဆိုတာကို စဉ်းစားရခက်တာပဲ ဖြစ်ပါတယ်။
အခုညွှန်းပေးမယ့် ဗွီဒီယိုကို ကြည့်ထားမယ် ဆိုရင်တော့ အဲဒီလို စဉ်းစားရ ခက်နေတော့မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဗွီဒီယိုထဲမှာ အတွေ့ရများတဲ့ ကိတ်မုန့်ခွဲတဲ့ အကူကိရိယာ အမျိုးမျိုးကို နမူနာ သုံးပြထားလို့ပဲ ဖြစ်ပါတယ်။
Crazy Russian Hacker ဆိုတဲ့ YouTube Channel က တင်ထားတဲ့ ဒီဗွီဒီယိုကို ကြည့်ရှု့သူ အရေအတွက်က တစ်ရက်ကျော်အတွင်းမှာ တစ်သန်းကျော်ထိ ရှိနေပြီ ဖြစ်ပါတယ်။
ကြာမြင့်ချိန်ကတော့ ၉ မိနစ်ကျော်ရှိပြီး အောက်ကလင့်ခ်မှာ ကြည့်ရှု့နိုင်ပါတယ်။
- VIA
- Voice Admin
- SOURCES
- The Voice
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021