News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
07-Oct-2016

ဒီနေ့ YouTube မှာ ခေတ်စားနေတဲ့ ဗီဒီယိုတွေထဲကတော့ ညွှန်းပေးချင်တာကတော့ ဟောလိဝုဒ်ရဲ့ ထိပ်တန်းအမျိုးသား သရုပ်ဆောင် မက်ဝဲလ်ဘတ်ရဲ့ ဇာတ်ကားသစ် Patriots Day ဇာတ်ကားရဲ့ တရားဝင် ဇာတ်ကား ကြော်ငြာဗွီဒီယိုပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာဆိုရင် ဘော်စတွန် ဗုံးပေါက်ကွဲမှုအကြောင်း ဖြစ်ပြီး ဖြစ်ရပ်မှန် ရုပ်ရှင်ကား တစ်ကားလည်း ဖြစ်ပါတယ်။

ဟောလီးဝုဒ်မှာ စူပါဟီးရိုးကားတွေ များလို့ စိတ်ပျက်နေရတဲ့ ဒရာမာဇာတ်ကားကြိုက် ပရိသတ်တွေ နှစ်သက်မယ့် ဇာတ်ကား ဖြစ်လာဖွယ်ရှိနေပြီး အခုကတည်းကလည်း ပရိသတ်တွေဘက်က စိတ်ဝင်စားမှု မြင့်တက်လျက် ရှိနေပါတယ်။

ယခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကမ္ဘာတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင် ပြသသွားမယ့် ဒီဇာတ်ကားရဲ့ ကြော်ငြာဗီဒီယိုဖိုင်ကို You Tube မှာ ကြည့်ရှုသူ အရေအတွက်က တစ်ရက်အတွင်းမှာ ၂ သန်းကျော် ရှိနေတာကို ကြည့်ရင်လည်း ဒီဇာတ်ကားအပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု ဘယ်လောက်ရှိတယ် ဆိုတာသိနိုင်ပါတယ်။

ကြာမြင့်ချိန် ၂ မိနစ်သာရှိတဲ့ ဒီဗွီဒီယိုဖိုင်ကို အောက်ကလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။



  • VIA