News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
06-Oct-2016

ဒီနေ့အတွက် YouTube မှာ ခေတ်စားနေတဲ့ ဗီဒီယို တစ်ခုကတော့ Google က အသစ် ထုတ်လိုက်တဲ့ Pixel ဆိုတဲ့ဖုန်းပဲ ဖြစ်ပါတယ်။ 

အကောင်းဆုံး စမတ်ဖုန်းကင်မရာ နည်းပညာ ပါဝင်တယ်လို့ Google က ကြေညာထားပြီး လျင်မြန်တဲ့ အားသွင်းစနစ်လည်း ပါဝင်တဲ့ ဒီဖုန်းဟာ iPhone 7 ကို အဓိက ယှဉ်ပြိုင်နိုင်မယ့် Android ဖုန်း ဖြစ်လာနိုင်တယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက သုံးသပ် နေကြပါတယ်။ 

အောက်တိုဘာလ၊ ၂၀ ရက်နေ့မှာ ဈေးကွက်ထဲကို စတင်ဖြန့်ချိမယ့် Pixel ဖုန်းဟာ Amoled capacitive touch screen ၅ လက်မ မျက်နှာပြင်၊ 12 MP ကင်မရာနဲ့ စွဲဆောင်မှုရှိတဲ့ အရောင် ၃ ရောင်နဲ့ ရရှိနိုင်မှာ ဖြစ်ပြီး သုံးစွဲသူတွေဘက်ကလည်း စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။

 Pixel ကို Google ရဲ့ တရားဝင် YouTube channel က ကြော်ငြာအနေနဲ့ လွှင့်တင်ထားတဲ့ ၁ မိနစ်ကျော်ပဲ ကြာမြင့်တဲ့  ဗီဒီယိုဟာ တစ်ရက် အတွင်းမှာ ကြည့်ရှုသူ ၄ သန်းကျော်နေပါပြီ။




  • VIA