News

POST TYPE

VIDEO

နားမလည်လိုက်တဲ့ ကိစ္စကြောင့် မှားခဲ့ခြင်းအတွက် အောင်လအန်ဆန် တောင်းပန်စကားဆို
06-Oct-2016

ကချင်တိုင်းရင်းသား အောင်လအန်ဆန် ပါဝင်ထိုးသတ်မယ့် One Championship (MMA) ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပရဟိတအလှူပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့အပေါ် ကချင်တိုင်းရင်သားတချို့နဲ့ ပရိတ်သတ်တချို့က ဝေဖန်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကောင်းကောင်းနားမလည်လိုက်တာကြောင့် အမှားဖြစ်လာရတာ။ အဲဒီ့အမှားကို နားလည်ပေးကြဖို့ အောင်လက တောင်ပန်စကား ပြောဆိုလိုက်ပါတယ်။ 

အောက်တိုဘာ ၆ ရက်က လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်တဲ့ မီဒီယာနဲ့တွေ့ဆုံစဉ်မှာ တောင်းပန်စကား ဆိုလိုက်တာ ဖြစ်ပါတယ်။

One Championship (MMA) ပြိုင်ပွဲကို မနက်ဖြန် (အောက်တိုဘာ ၇ ရက်) အမျိုးသားအားကစားရုံ (၁) မှာ ကျင်းပမှာဖြစ်ပြီး ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ပိုလန်နိုင်ငံသား မိုက်ကယ် ပက်စတာနာ့ခ်နဲ့ မစ်ဒယ်ဝိတ်တန်း ယှဉ်ပြိုင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။