News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
03-Oct-2016

ဒီနေ့အတွက်တော့ လက်ရှိအမေရိကရဲ့ အအောင်မြင်ဆုံး တေးဂီတအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ The Weeknd ရဲ့ ဖျော်ဖြေတင်ဆက်မှု ဗွီဒီယိုတစ်ခုကို ညွှန်းပေးချင်ပါတယ်။

Saturday Night Live ရုပ်သံအစီအစဉ်မှာ The Weeknd အဖွဲ့ ပါဝင်ဖျော်ဖြေသွားတဲ့ ဗွီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

အဲဒီဗွီဒီယိုမှာ The Weeknd မှာ သူတို့ရဲ့ အယ်လ်ဘမ်အသစ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Starboy ကို Daft Punk နဲ့အတူ ပူးတွဲဖျော်ဖြေသွားတာကို ရှု့စားကြရမှာပါ။

ဒီဗွီဒီယိုက YouTube ပေါ်ကို ရောက်တာ တစ်ရက်ပဲ ရှိသေးပေမယ့် ကြည့်ရှု့သူ ၁ သန်းကျော်အထိ ရရှိထားပြီး ဖြစ်တဲ့ ဗွီဒီယိုလည်း ဖြစ်ပါတယ်။

အောက်ကလင့်ခ်မှာ ကြည့်ရှု့နားဆင်နိုင်ပါတယ်။