POST TYPE
VIDEO
ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
29-Sep-2016
ဒီတလော YouTube မှာတင်မက ကမ္ဘာတစ်ဝန်းက သတင်းမီဒီယာတွေထက်မှာ အထူး ရေပန်းစားနေတာကတော့ အမေရိကန် သမ္မတလောင်း နှစ်ဦးဖြစ်တဲ့ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်လ်ထရမ့်တို့ရဲ့စကားစစ်ထိုးပွဲပါပဲ။
ဒီစကားစစ်ထိုးပွဲအကြောင်းက မြန်မာသတင်း မီဒီယာတွေထက်မှာလည်း အတော်လေး စုံစုံလင်လင် ဖော်ပြခဲ့ကြပြီးပြီဖြစ်ပြီး ဟီလာရီကလင်တန်က အသာရခဲ့တာကိုလည်း အားလုံးသိပြီး ဖြစ်ကြမှာပါ။
ခုဖော်ပြပေးချင်တာကတော့ သူတို့ရဲ့ စကာစစ်ထိုးပွဲ ဗီဒီယိုဖိုင် မဟုတ်ပါဘူး။ အဲဒီစကား စစ်ထိုးပွဲကို သီချင်း စပ်ဆိုပြီး ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်လ်ထရမ့်တို့ရဲ့ ဟန်အမူအရာတွေနဲ့ ကိုက်ညီအောင် ထည့်သွင်း ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။
တစ်မိနစ်ကျော်ပဲ ကြာတဲ့ ဒီဗီဒီယိုဟာ အမေရိကန် သမ္မတလောင်း စကားစစ်ထိုးပွဲ အကြောင်း သတင်းတွေ ဖတ်ထား၊ သိထားတဲ့လူတွေ အတွက်ဆိုရင်တော့ ပိုပြီး ပြုံးချင်စရာ ဖြစ်နေမှာပါ။ အောက်ကလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
- SOURCES
- The Voice
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021