News

POST TYPE

VIDEO

မန္တလေး စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲ အဆင်မပြေမှုများရှိ
25-Sep-2016 tagged as မန္တလေး

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို ဒီနေ့ (စက်တင်ဘာ ၂၅ ရက်) မှာ ကျင်းပလျက်ရှိပြီး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက် မဲရုံအမှတ် (၁) မှာ လာရောက်မဲပေးတဲ့ မဲဆန္ဒရှင်တွေ အနေနဲ့ အဆင်မပြေမှုအချို့ ရှိခဲ့ပါတယ်။

ချမ်းအေးသာစံမြို့နယ် မဲဆန္ဒနယ်မြေ (၂)၊ မဲရုံအမှတ် (၁) အတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ၁၁၂၈ ဦး ရှိပြီး စည်ပင်သာယာရေး ကော်မတီဝင်လောင်း ခြောက်ဦး ဝင်ရောက်အရွေးချယ်ခံပါတယ်။