News

POST TYPE

VIDEO

မန္တလေးမှာဖြစ်တဲ့ မှုခင်းတွေကို ဟော့လိုင်းဖုန်းက တစ်ဆင့် အချိန်မရွေး ဆက်သွယ်တိုင်ကြားနိုင်ပြီ
19-Sep-2016

မန္တလေး မြို့ပေါ်ရပ်ကွက်များအတွင်း ဖြစ်ပွားနေတဲ့ မှုခင်းတွေကို ၂၄ နာရီပတ်လုံး အချိန်မရွေး ဆက်သွယ်တိုင်ကြားပေးနိုင်မယ့် အစီအစဉ် စတင်လိုက်ပါပြီ။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ (စက်တင်ဘာ ၁၉ ရက်) မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှာ သတင်းစာရှင်းပွဲ လုပ်ခဲ့ပါတယ်။

အဲဒီ့လို သတင်းပေး ဆက်သွယ်တိုင်ကြားနိုင်တာနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ဘယ်လိုတွေ ပြောကြားထားပါသလဲ။ ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်က ရဲတပ်ဖွဲ့တွေ အနေနဲ့ ဘယ်လိုတွေ ချိတ်ဆက်ဆောင်ရွက်နေပါသလဲ။

မန္တလေးခရိုင် အတွင်းက မြို့နယ်များမှာ ဖြစ်ပွားတဲ့ မှုခင်းများနဲ့ ပတ်သက်ပြီး ၂၄ နာရီပတ်လုံး အချိန်မရွေး ဆက်သွယ်တိုင်ကြားနိုင်မယ့် ဟော့လိုင်းဖုန်း စီစဉ်ဆောင်ရွက်ပေးမှုနဲ့ ပတ်သက်ပြီး The Voice က ရုပ်သံအစီအစဉ်အဖြစ် စီစဉ်တင်ဆက်လိုက်ရပါတယ်။