News

POST TYPE

VIDEO

FORD Myanmar က ကားသစ်တစ်စီး မဲဖောက်ပေးမယ်
19-Feb-2018 tagged as

FORD Myanmar က Lunar New Year Fiesta 2018 အတွက် Ford Brand New ကားသစ်တစ်စီးကို ဇွန်လပိုင်းမှာ မဲဖောက်ပေးသွားမှာ ဖြစ်တယ်လို့ Ford Myanmar ရဲ့ Brand Manager ဖြစ်သူ ဦးဥက္ကာက ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်က အင်းစိန်လမ်းပေါ်ရှိ Ford Showroom မှာ ပြုလုပ်တဲ့ Lunar New Year Fiesta 2018 မိတ်ဆက် အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ့အခမ်းအနားမှာ POND's Co.,Ltd နဲ့ Pizza Co.,Ltd တို့ကပေးတဲ့ New Year Promotion Lucky Draw Campaign အတွက်ကိုလည်း FORD Brand New ကားသစ်နှစ်စီးကို ဆုပေးခဲ့ပါတယ်။ PONDs Co.,Ltdရဲ့ New Year Promotion အနေနဲ့ပေးမယ့် နောက်ထပ် Ford ကားတစ်စီးလည်း ကျန်ရှိသေးတယ်လို့ သိရပါတယ်။


  • TAGS