News

POST TYPE

VIDEO

လူတစ်ယောက်ရဲ့ အားသာချက် အားနည်းချက်ကို အချစ်အခြေခံပြီး ရိုက်ကူးမယ့် “ဇီးရိုးနှင့် ဟီးရိုး”ရုပ်ရှင်ကား
04-Feb-2018


“ဇီးရိုးနှင့် ဟီးရိုး”ရုပ်ရှင်ကားကို ဒါရိုက်တာသြရသက သရုပ်ဆောင် ပြေတီဦး၊ ညီထွဋ်ခေါင်၊ နေဆန်း ၊ဝတ်မှုံရွှေရည်၊ ဆုမြတ်နိုးဦး၊ သန်းသန်းစိုး၊ နှိုင်းယှဉ်မြင့်မိုရ်တို့နဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ စတင် ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ ယင်းကားကန်တော့ပွဲပေးအခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ရွှေပုစွန် (သာကေတ) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယင်းကားကို ပုံဖော်ဖန်တီးသူတချို့ရဲ့ စကားသံများကို The Radar က မေးမြန်းဖော်ပြလိုက်ပါတယ်။