News

POST TYPE

VIDEO

အိမ်ထောင်သက်တမ်းဆယ့်ရှစ်နှစ်ရှိပြီဖြစ်ပြီး အသက်ဆယ့်ငါးနှစ်ကွာတဲ့ ငှက်ပျော်ကြော်နဲ့ နေခြည် (တားရော့) တို့ရဲ့အိမ်ထောင်ရေး
04-Jan-2018

“အိမ်မှာတော့ သူကချစ်လားချည်းပဲမေးတယ်။ ကျွန်တော်က ချစ်တယ်လို့ တစ်ခါမှပြန်မပြောဘူး။ ကျွန်တော်က ပါးစပ်ကနေထုတ်ပြောတာကို Minor လို့ပဲသဘောထားတယ်။ ချစ်တာရဲ့နောက်မှာ Major တွေရှိတယ်”ငှက်ပျောကြော်

“အိမ်ထောင်ရေးတစ်ခုမှာ ချစ်လားဆိုတဲ့စကားကို အမြဲသုံးသင့်တယ်။ ဦးငှက်ကတော့ သိပ်မပြောဘူး။ ကိုယ်ကချည်းပဲ မေးနေရတယ်”နေခြည် (တားရော့)

လက်ရှိမှာ အိမ်ထောင်သက်တမ်း ဆယ့်ရှစ်နှစ်ရှိပြီဖြစ်ပြီး ရင်သွေးနှစ်ဦးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ငှက်ပျော်ကြော်နဲ့ နေခြည် (တားရော့) တို့ ဇနီးမောင်နှံနဲ့တွေ့ဆုံပြီး အိမ်ထောင်ရေး ဖြတ်သန်းမှုများအကြောင်း တစေ့တစောင်းကို The Radar ကမေးမြန်းဖော်ပြလိုက်ပါတယ်။


  • VIA